မော်လမြိုင်ဈေးချိုပွဲရုံတန်း၌ ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဩဂုတ် ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဈေးချိုပွဲရုံတန်း၌ (၆)ဘီးကား ဘရိတ်ပေါက်၍ ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုသည် ယနေ့ (ဩဂုတ်လ ၃ရက်၊ မွန်းလွဲ ၁နာရီ ၄၅မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ ဈေးချိုပွဲရုံတန်းရပ်ကွက်၊ ရတနာဈေးချိုးပွဲရုံတန်းလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“(၆)ဘီးကားက ဘရိတ်ပေါက်ပြီးတော့မှ ဆင့်တိုက်လိုက်တာလို့ပြောတယ်ဗျ။ အဲလိုဆင့်တိုက်လိုက်တာမှာ သုံးဘီးဆိုင်ကယ်လဲပါတယ်။ (၁၂)ဘီးကားလဲပါတယ်။ အားလုံး(၅)စီးတိုက်မိတာ”ဟု ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် သုံးဘီးပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သုံးဘီးဆရာတော့ ဒဏ်ရာရလို့ဆေးရုံပို့ထားတယ်ဗျ။ ကျန်တာတော့ မသိရသေးပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိခဲ့သော သုံးဘီးယာဉ်မောင်းအမျိုးသားအား ဘိုဘိုဝင်းအရေးပေါ်ကယ်ရေးအဖွဲ့မှကားဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဗီဇာဝန်ဆောင်မှု လုပ်ကိုင်ခွင့်အတွက် မြန်မာပြည်တွင်းခရီးသွားကုမ္ပဏီ ၂၃ ခုကို ထိုင်းသံရုံးခွင့်ပြု
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း