သောက်ရေကန်အတွင်း ရေဆင်းကူးရာမှ အမျိုးသားတစ်ဦးရေနစ်သေဆုံးမှု သာကေတမြို့နယ်တွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၃
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် သောက်သုံးရေကန်အတွင်းသို့ ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဥ်မှာ ယမန်နေ့ (ဩဂုတ်လ ၂ ရက်)၊ နေ့လည် ၂ နာရီအချိန်တွင် သာကေတမြို့နယ်၊ ၁၃ ရပ်ကွက်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲဒီရပ်ကွက်မှာနေတဲ့လူငယ်တစ်ဦးပဲဗျ။ ရေကန်ထဲကိုရေဆင်းကူးရာကနေ ရေနစ်တယ်လို့သိတယ်”ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် သာကေတမြို့နယ်၊ ၁၀/တောင်၊ ၁၃ ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး အသက်(၁၈)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်တော့ ရေနစ်တဲ့လူကိုဆယ်တယ်။ ရေနစ်တာလဲ တစ်နာရီလောက်ရှိပြီလို့ပြောကြတယ်။ ဆယ်ပြီးဆေးရုံသွားပေမယ့် ဆေးရုံလဲရောက်အသက်မရှိတော့ဘူး” ဟု ၎င်းကဆက်လက်ပြေသည်။
အဆိုပါ ရေနစ်သေဆုံးသူအမျိုးသားအား ဇေယျသုခလူမှုကူညီရေးအသင်းကားဖြင့် သင်္ကန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ့် သားဖြစ်သူက မိမိအပေါ်ခြိမ်းခြောက်အန္တရာယ်ပြုလာရင် ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ်လို့ ဟွန်ဆန်ပြော
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း