Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
iPhone14 ဝယ်ယူရန်အတွက် ရှစ်လသားအရွယ်ကလေးငယ်ကို ရောင်းချခဲ့တဲ့ အိန္ဒိယစုံတွဲ

Pika (NSS) - သြဂုတ် ၂

အိန္ဒိယနိုင်ငံရှိ စုံတွဲတစ်တွဲသည်  ခရီးသွားစဉ်အချိန်အတွင်း အင်စတာဂရမ်တွင် ဗီဒီယိုများဖန်တီးရန်အတွက် iPhone 14 ဝယ်ယူရန် ၎င်းတို့၏ (၈)လသားအရွယ် ကလေးငယ်ကို ရောင်းချခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Appleကုမ္ပဏီ နောက်ဆုံးပေါ် iPhone 14 ကို ဝယ်ယူနိုင်ရန်အတွက် ၎င်းတို့၏ကလေးကို ရောင်းချခဲ့သည့် West Bengal ပြည်နယ်ရှိ လူငယ်စုံတွဲတစ်တွဲအကြောင်းကို အိန္ဒိယမီဒီယာများက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့ ကြောင်း သိရသည်။ Jaydev နှင့် Sathi Ghosh ဟု အမည်ရသောစုံတွဲသည် West Bengal ပြည်နယ်အနှံ့ ခရီးထွက်ခဲ့သလို iPhone 14 အသစ်ဝယ်ယူထားနိုင်ခြင်းကို ၎င်းတို့၏ အိမ်နီးချင်းများက သတိထားမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ၎င်းတို့စုံတွဲသည် လစဉ်ဝင်ငွေအနည်းငယ်သာရရှိပြီး ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး အခက်အခဲများရှိခဲ့ကြောင်း သိရသည်။ 


ထို့အပြင် ၎င်းတို့၏ (၈)လသားအရွယ် ကလေးငယ်ပျောက်ဆုံးနေခဲ့သည်ကို အိမ်နီးချင်းများက သတိထားမိခဲ့ခြင်း ကြောင့် အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု များအရ မိခင်ဖြစ်သူ Sathi Ghoshက ၎င်းနှင့် ခင်ပွန်းဖြစ်သူ Jaydev တို့သည် ခရီးသွားနေစဉ်အချိန်အတွင်း အင်စတာဂရမ်တွင် ဗီဒီယိုများဖန်တီးရန်အတွက်   iPhone14 ကိုဝယ်ယူရန် ၎င်းတို့၏ ကလေးငယ်ကို အမျိုးသမီး တစ်ဦးထံ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောခဲ့သည်။ 

ရဲအရာရှိတစ်ဦး က "စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်တဲ့အချိန်မှာ မိခင်ဖြစ်သူက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ အင်စတာဂရမ်မှာ ဗီဒီယိုတွေ ဖန်တီးနိုင်ဖို့အတွက် iPhone 14 ဝယ်ယူဖို့နဲ့ ပြည်နယ်အနှံ့ခရီးထွက်ဖို့ ကလေးကိုရောင်းချခဲ့တာပါ" ဟု ပြောခဲ့သည်။

အိန္ဒိယရှိလူများသည်  iPhone ကိုင်ရရန်အတွက် ရူးသွပ်သောအရာများကို မကြာခဏလုပ်ဆောင်လေ့ရှိကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယခင်က အိန္ဒိယအမျိုးသားတစ်ဦးသည် iPhone ဝယ်ယူရန်အတွက် ကျောက်ကပ် တစ်လုံးကို ရောင်းချပြီးနောက် တစ်သက်လုံး မသန်မစွမ်းဖြစ်ခဲ့ရကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်သစ်သို့ ယူရေနီယံနှင့်ရွှေများ တင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း နိုင်ဂျာစစ်ခေါင်းဆောင် ပြော

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved