ပင်လယ်ပြင်အတွင်း ကျန်းမာရေးမကောင်းဘဲဖြစ်နေသော မြန်မာသင်္ဘောသားတစ်ဦးကို အင်ဒိုနီးရှားအာဏာပိုင်များ ကယ်တင်
ဂျန်ဇက် (NSS) - သြဂုတ် ၂
အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့များသည် Basarnas Banda Aceh ပင်လယ်ပြင်တွင် ကျန်းမာရေးကောင်းမွန်မှု မရှိဘဲဖြစ်နေသော မြန်မာနိုင်ငံသားသင်္ဘောသားတစ်ဦးကို သြဂုတ် ၁ ရက်က ကယ်တင်ပေးခဲ့ရကြောင်း သိရသည်။
Basarnas Banda Aceh ဒေသ ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ အယ်ဟူစိန်က ၎င်းတို့သည် ဘရာဇီးနိုင်ငံမှ တရုတ် နိုင်ငံသို့သွားရောက်မည့် MV. SM Gladstone အမည်ရှိ သင်္ဘောပေါ်တွင် အလုပ်လုပ်နေသော သင်္ဘောသားတစ်ဦး ဆီးလမ်းကြောင်း နာကျင်မှုများအပြင် နာကျင်သောဝေဒနာကို ခံစားနေရကြောင်း သတင်းကို လက်ခံရရှိခဲ့ပြီး နောက် သွားရောက်ကယ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောပေါ်တွင်အလုပ်လုပ်နေသော အသက် ၄၄ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားသန့်စင် ဆိုသူသည် ဆီးလမ်းကြောင်း နာကျင်မှုဝေဒနာကို ခံစားနေရကြောင်း သိရသည်။ ဟူစိန်က "သင်္ဘောဟာ ဘရာဇီးနိုင်ငံကနေ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာဖြစ်တယ်။ အဲဒီအချိန်မှာ သင်္ဘောသားတစ်ဦးဟာ ဆီးလမ်းကြောင်း အလွန်မင်းနာကျင်တဲ့ပုံစံမျိုး ရှိနေတယ်။ သင်္ဘောလိုင်းအေးဂျင့်ကတဆင့် ကျွန်တော်တို့ကို ဆက်သွယ်အကြောင်း ကြားခဲ့တာဖြစ်တယ်" ဟု ဆိုသည်။
သင်္ဘောသားကို ပင်လယ်ပြင်အတွင်း သွားရောက်ကယ်တင်ခဲ့ပြီးနောက် Banda Aceh's Ulee Lheu ဆိပ်ကမ်းကို ခေါ်ဆောင်ခဲ့ကာ ကနဦးစမ်းသပ်မှုများအရ ဆီးလမ်းကြောင်းနာကျင်မှုများ ဖြစ်ပွားနေသည့်အချက်ကို တွေ့ရှိခဲ့ ကြောင်း အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့ဝင်များ က ပြောသည်။
ဟူစိန်က "လက်ရှိအချိန်မှာ မြန်မာနိုင်ငံသားသင်္ဘောသားကို အသေးစိတ်ထပ်မံစစ်ဆေးနိုင်ဖို့ Zainoel Abidin ဆေးရုံကို အရေးပေါ်ကားနဲ့ ပို့ဆောင်ပေးထားတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာဒုံမြို့နယ်တွင် Mini Bus နှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် (၈)တန်းကျောင်းသူတစ်ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း