Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အတိုက်အခံပါတီနဲ့ပတ်သက်နေခြင်းကြောင့်လို့ဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ ခိုလှုံခွင့်တောင်းခံခြင်းကို ကနေဒါ ပယ်ချ

Htay Oung (NSS) - သြဂုတ် ၂ 

အတိုက်အခံပါတီနဲ့ပတ်သက်နေခြင်းကြောင့်လို့ဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမက်_ယာရှစ်_ အဗ်ဗီး_ဟာကီးရဲ့ ခိုလှုံခွင့်လျှောက်ထားခြင်းကို ကနေဒါတရားရုံးက ပယ်ချလိုက်ကြောင်း ဒါကာအခြေစိုက် Dhaka Tribune က ယမန်နေ့ သြဂုတ်လ ၁ ရက်က ရေးသားခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်အပေါ် အကာအကွယ်ပေးရေးအက်ဥပဒေ (IRPA) အရ လုံခြုံရေးအကြောင်းပြ ချက်နဲ့ ကနေဒါနိုင်ငံအတွင်း ဝင်ရောက်ခြင်းကို ခွင့်ပြုဖို့ မလုံလောက်ကြောင်း တရားရုံးက ပြောပါတယ်။ IRPA ဥပဒေအပိုဒ် 34(1)(b) မှာ “ထိုသူသည် မည်သည့်အစိုးရတစ်ရပ်ရပ်အပေါ်တွင်မဆို အင်အားဖြင့် အဖျက်အမှောက် ပြုရန် လှုံ့ဆော်သည့်အဖွဲ့အစည်းတွင် ပါဝင်ခြင်း (သို့မဟုတ်) ပတ်သက်သည်ဟု အကြောင်းပြခြင်း (သို့မဟုတ်) ယုံကြည်ရန် အကြောင်းရှိခြင်း” လို့ ဖော်ပြထားကြောင်း တရားရုံးက ရည်ညွှန်းပါတယ်။ 


တရားရုံးတော်ကြားနာမှုအရ ယာရှစ်ဟာကီးဟာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလအတွင်း (ဘင်္ဂလားဒေ့ရှ်အတိုက်အခံ) BNP နိုင်ငံရေးပါတီမှာ အဖွဲ့ဝင်ဖြစ်မှုနဲ့ BNP ပါတီ နိုင်ငံရေးလှုပ်ရှားမှုများမှာ တက်ကြွ စွာ ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် (လက်ရှိအာဏာရ) အဝါမီလိခ်အစိုးရက နှိပ်စက်ညှဉ်းပန်းမှာကို ကြောက်ရွံ့ ကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

BNP ပါတီဟာ အကြမ်းဖက်မှုများဖြင့် လမ်းပေါ်လှုပ်ရှားမှုများပြုလုပ်နေပါတယ်။ ၂ဝ၁၄ ခုနှစ် ဝန်းကျင်မှာ အဲဒီ အချိန် အဝါမီလိခ်အစိုးရက ကျင်းပပြုလုပ်ပေးမယ့် ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲကို အယုံအကြည်မရှိ ခြင်းကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ပြီး မီးရှို့တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။

ယာရှစ်ဟာကီးဟာ လေ့လာရေးပါမစ်ဖြင့် ၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ကနေဒါနိုင်ငံကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ပါမစ်သက်တမ်းမကုန်ဆုံးမီ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်သွားရောက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလမှာ ကနေဒါကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

ယာရှစ်ဟာကီးဟာ ကနေဒါနိုင်ငံကို အချက်အလက်များ လွဲမှားစွာတင်ပြပြီး လျှောက်ထားကြောင်း တွေ့ရှိရတယ် လို့စွပ်စွဲချက်နဲ့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှာ ကနေဒါနယ်စပ်ဝန်ဆောင်မှု အေဂျင်စီ (CBSA) က ဟာကီးအပေါ် တရားရုံးမှာ တိုင်ကြားအမှုဖွင့်လှစ်ခဲ့ပါတယ်။ 

လိမ်လည်ထားတဲ့ပညာရေးဆိုင်ရာမှတ်တမ်းများကိုအသုံးပြုခြင်းဖြင့် လေ့လာရေးပါမစ်ကို ရယူခဲ့ကြောင်း၊ အတုအပနည်းလမ်းများနဲ့ ပါမစ်ရရှိအောင် ဆောင်ရွက်ပေးနေသူအုပ်စုနဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်နေသူဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဖမ်းဝရမ်းထုတ်ခြင်းခံခဲ့ရပါတယ်။

လျှောက်ထားသူဟာ ၂ဝ၁၈ ခုနှစ် မတ်လမှာ ဒုက္ခသည်အဖြစ်ခံယူရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရပြီး CBSA သို့ လွှဲပြောင်းပေးခြင်း ခံရပါတယ်။။ ဒါပေမယ့် ၃ ရက်အကြာမှာ ပြန်လွှတ်ပေးလွှတ်ပေးလိုက်ရပြီး ရက်သတ္တနှစ်ပတ် မပြည့်မီ ဒုက္ခသည်တစ်ဦးအဖြစ် ကနေဒါနိုင်ငံရဲ့အကာအကွယ်ရရှိရေး ထပ်မံလျှောက်ထားပါတယ်။

သူ့ရဲ့လျှောက်လွှာကို ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်ဘုတ်အဖွဲ့၊ ဒုက္ခသည်များဆိုင်ရာဌာနခွဲက ဝင်ခွင့်မပြုဘဲ ပယ်ချခဲ့တဲ့အတွက် ယခုရုံးတော်မှာ အယူခံတင်သွင်းခြင်းဖြစ်ပါတယ်။


ဇွန်လ ၁၅ ရက် အယူခံ တရားရုံးတော်ရဲ့အပြီးသတ်စီရင်ချက်ချမှာ “အတိုက်အခံ BNP ပါတီဟာ ဘင်္ဂလားဒေ့ရှ် အဝါမီလိခ်အစိုးရအပေါ် အင်အားသုံးအဖျက်အမှောက်ပြုလုပ်ကြစေဖို့ လှုံ့ဆော်ပေးတဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် ယုံကြည်ဖို့ ဆီလျော်တဲ့အကြောင်းပြချက်များကို လူဝင်မှုကြီးကြပ်ရေးဋ္ဌာနအနေနဲ့တွေ့ရှိရကြောင်း၊ ဒါပေမယ့် လည်း အယူခံတရားလို ယာရှစ်ဟာကီးဟာ BNP ပါတီရဲ့လှုပ်ရှားမှုများမှာ ပါဝင်စဉ် အကြမ်းဖက်ခြင်းမရှိကြောင်း ယုံကြည်လောက်တဲ့အကြောင်းပြချက် မပြသနိုင်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ 

( Dhaka Tribune., 01 August 2023,” Canada rejects Bangladeshi’s asylum petition over BNP ties” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများက ထုတ်လုပ်တဲ့လက်နက်များထက် ရုရှားနိုင်ငံ ထုတ်လက်နက်များက ပိုမိုကောင်းမွန်ဟုဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved