အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများက ထုတ်လုပ်တဲ့လက်နက်များထက် ရုရှားနိုင်ငံ ထုတ်လက်နက်များက ပိုမိုကောင်းမွန်ဟုဆို
ဂျန်ဇက် (NSS) - သြဂုတ် ၂
အာဖရိကတိုက်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ အနောက်အုပ်စုနိုင်ငံထုတ်လက်နက်များထက် ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ပိုမိုကောင်းမွန်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းသိရှိထားကြောင်း အာဖရိကနိုင်ငံဆိုင်ရာ ရုရှားသံတမန် က ပြောပါတယ်။
အာဖရိကနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်ပွဲအတွင်း အနောက်အုပ်စုနိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်း များနဲ့ ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းရဲ့စွမ်းဆောင်ရည်ပိုင်း နဲ့ ထိရောက်မှုပိုင်းကို နှိုင်းယှဉ်တွေ့မြင်ခဲ့ကြောင်း၊ ရုရှား-အာဖရိကမိတ်ဖက် ဖိုရမ်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ အိုလက်အိုဇီရောဗ့်က ထုတ်ဖော်ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ နဲ့ အာဖရိကနိုင်ငံများကြား စစ်ဘက်နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေဟာ ယခင်ထက် ပိုမိုမြင့် တက်လာနေကြောင်း ၎င်းက ပြောပါတယ်။ အိုလက် အိုဇီရောဗ့်က "အာဖရိကနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားထုတ်လက်နက်တွေနဲ့ အနောက်အုပ်စုထုတ်လက်နက်တွေကို နှိုင်းယှဉ်လေ့လာခဲ့ တယ်။ ရုရှားထုတ်လက်နက်တွေဟာ အနောက်အုပ်စုနိုင်ငံတွေက ထုတ်လုပ်တဲ့ လက်နက်တွေထက် အရည် အသွေးပိုင်း ပိုမိုကောင်းမွန်တယ်ဆိုတဲ့အချက်ကို တွေ့ရှိခဲ့တယ်" လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဖြစ်ပွားလျက်ရှိနေတဲ့စစ်ရေးပဋိပက္ခကအတွင်း ယူကရိန်းကို အနောက်အုပ်စုနိုင်ငံများက စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရာ ယူကရိန်းစစ်ပွဲက အနောက်အုပ်စုနိုငံတွေရဲ့ စစ်လက်နက် ပစ္စည်းများနဲ့ ရုရှားနိုင်ငံရဲ့စစ်လက်နက်ပစ္စည်းများကြား ဘယ်သူပိုကောင်းသလဲဆိုတာ စမ်းသပ်တဲ့စစ်ပွဲဖြစ်နေ ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒုတိယအကြိမ်မြောက် ရုရှားနဲ့ အာဖရိက ထိပ်သီးအစည်းအဝေး ကို စိန့်ပီတာဘရက်မြို့မှာကျင်းပခဲ့ပြီး အာဖရိကနိုင်ငံပေါင်း ၄၈ နိုင်ငံရဲ့ဝန်ကြီးချုပ်များ၊ သမ္မတများ၊ ဒုတိယ သမ္မတများ၊ နိုင်ငံကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ရုရှားဟာ အဆိုပါထိပ်သီးအစည်းအဝေးအတွင်း အာဖရိကနိုင်ငံတွေနဲ့ သဘောတူညီမှုစာချုပ် ၁၆၁ ခု၊ နားလည်မှု စာချွန်လွှာ ၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံအနေနဲ့ အာဖရိက တိုက်ရဲ့စွမ်းအင်လိုအပ်ချက်များ တိုးမြင့်လာခြင်းအပေါ် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆိုတော်ပိုင်သက်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း