Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါကစ္စတန်နိုင်ငံရှိ မဲဆွယ်စည်းရုံးပွဲအတွင်း လူ(၅ဝ)ကျော်သေဆုံးစေခဲ့သည့် အသေခံဗုံးခွဲမှုလုပ်ဆောင်ခဲ့ဟု ISIS အဖွဲ့ဝန်ခံ

Pika (NSS) - သြဂုတ် ၁ 

ပါကစ္စတန်နိုင်ငံ Khyber Pakhtunkhwa ပြည်နယ်တွင် ဇူလိုင်လ(၃ဝ)ရက်က Jamiat Ulema-e-Islam (JUI) ပါတီ၏ မဲဆွယ်စည်းရုံးပွဲတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ISIS အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောခဲ့သည်။ 


အသေခံဗုံးခွဲမှုတွင် တာလီဘန်ခွဲထွက်အဖွဲ့များလည်း ပါဝင်နိုင်ချေရှိသည်ဆိုသည့် ခန့်မှန်းမှုများနှင့်အတူ ISIS အကြမ်းဖက်အဖွဲ့လည်း ပါဝင်နိုင်သည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က သံသယရှိပြီးဖြစ်ကြောင်း သိရသည်။ Khar မြို့တွင် ကျင်းပသော မဲဆွယ်စည်းရုံးပွဲတွင် လူပေါင်း(၁ဝဝဝ)ခန့်ရှိနေပြီး Jamiat Ulema-e-Islam (JUI) ပါတီ ခေါင်းဆောင် Fazal-ur-Rehman မိန့်ခွန်းပြောရန်စီစဉ်ထားသည့် စင်မြင့်အနီးတွင် အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ 

ဇူလိုင်လ(၃၁)ရက် ညနေပိုင်းအထိ သေဆုံးသူဦးရေမှာ(၅၄)ဦးထိ မြင့်တက်လာခဲ့ပြီး ၎င်းတို့ထဲမှ (၂၃)ဦးမှာ အသက် (၁၈) နှစ်အောက်များဖြစ်ကြောင်း အကြမ်းဖက်မှုတုံ့ပြန်ရေးအရာရှိ Shaukat Abbas က ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များဆုတ်ခွာသွားသော ၂ဝ၂၁ ခုနှစ် ဩဂုတ်တွင်ဖြစ်ပွားခဲ့သည့် အမေရိကန်စစ်သား (၁၃)ဦး နှင့် အာဖဂန်နစ္စတန်နိုင်ငံသား အများအပြားသေဆုံးစေခဲ့သည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုနောက်ကွယ်တွင်လည်း ISIS အကြမ်းဖက်အဖွဲ့ ပါဝင်ခဲ့ကြောင်းသိရသည်။ Peshawar မြို့တွင် ယခုနှစ်အစောပိုင်းကဖြစ်ပွားခဲ့သော လူအသေအပျောက်များသည့် ဗုံးခွဲမှုနှစ်ခုနှင့်ပတ်သက်ပြီး TPP ဟု လူသိများသော တာလီဘန်ခွဲထွက်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု  ပါကစ္စတန်အာဏာပိုင်များ က ယုံကြည်နေကြ သည်။ 


ဇန်နဝါရီလတွင် ဗလီတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ(၇၄)ဦးသေဆုံးခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ဗလီတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဗုံးခွဲတိုက်ခိုက်မှုအတွင်း ရဲအရာရှိ(၁ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ်က Peshawar မြို့ရှိ ကျောင်းတစ်ခုတွင် လူ(၁၄၇)ဦးသေဆုံးစေခဲ့သည့် ဗုံးခွဲမှုနောက်ကွယ် တွင်လည်း တာလီဘန်ခွဲထွက်အဖွဲ့ TTP ပါဝင်ခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်အခြေစိုက်တာလီဘန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ က ဇူလိုင်လ(၃ဝ)ရက်တွင် Kharမြို့ ၌ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါ ရာဇဝတ်မှုများကို တရားမျှတသည့်နည်းလမ်းဖြင့် ဖြေရှင်း၍မရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်သစ်နိုင်ငံ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားဦးရေ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိလာနေ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved