Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြင်သစ်နိုင်ငံ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားဦးရေ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိလာနေ

Pika (NSS) - သြဂုတ် ၁ 

ပြင်သစ်နိုင်ငံတွင် ထောင်ကျနေသူဦးရေမှာ(၇၄၅၁၃)ထိ ရှိလာခဲ့ပြီး စံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း ပြင်သစ်တရားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းဇယားများအရ သိရသည်။ 


ပြင်သစ်နိုင်ငံသည် ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး လတိုင်း ၎င်း၏ အကျဉ်းသားဦးရေမှတ်တမ်းစံချိန်ကို ခြောက်ကြိမ် ချိုးဖျက်ခဲ့ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင် ကိုဗစ်ကာလအတွင်း အကျဉ်းသားဦးရေ လျှော့ချရန် အတွက် အကျဉ်းသား(၁ဝဝဝဝ)ခန့်ကို လွှတ်ပေးခဲ့ပြီးနောက် ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်း အကျဉ်းသားဦးရေ (၁၅၈၁၈) ဦး ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် နောက်ထပ်(၂၄၄၆)ဦး ထပ်တိုးလာခဲ့ကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ် ဧပြီလတွင် ပြင်သစ်နိုင်ငံ၏ အကျဉ်းသားဦးရေသည် ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသား (၇၃ဝဝဝ) ကျော်ခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်အတွင်း နေထိုင်မှုနှုန်းသည် (၁၂၂ ဒသမ ၈) ရာခိုင်နှုန်းထိ မြင့်တက်လာ ခဲ့ပြီး ယာယီအကျဉ်းကျနေသူများနှင့် ထောင်ဒဏ်လျှော့ထားသော အကျဉ်းသားများထားရှိသည့် အဆောက်အဦး များတွင် နေထိုင်မှုနှုန်းမှာ (၁၄၆ ဒသမ ၃) ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ 


ရလဒ်များအရ အကျဉ်းသား(၂၄၇၈)ဦးသည် အိပ်ရန်ကုတင်များ မရှိသည့်အပြင် ကြမ်းပြင်များပေါ်တွင် မွေ့ယာများ ခင်းအိပ်ရကြောင်း သိရသည်။ ပြင်သစ်နိုင်ငံရှိ အကျဉ်းထောင်များတွင် လူဦးရေ အလွန်များပြားနေသည့်အပြင် အကျဉ်းသားဦးရေမြင့်တက်နေခြင်းကို ဥရောပလူ့အခွင့်အရေးတရားရုံးက ပြစ်တင်ရှုတ်ချထားကြောင်း သိရသည်။ ပြင်သစ်အစိုးရသည် ၂ဝ၂၇ ခုနှစ်တွင် နောက်ထပ်အကျဉ်းထောင် ကုတင်(၁၅ဝဝဝ) ထပ်တိုးရန် ကတိပြုခဲ့သော် လည်း ဥရောပလူ့အခွင့်အရေးတရားရုံးက ထပ်မံပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ရဲအရာရှိတစ်ဦးက ပစ်သတ်ခဲ့ပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြပွဲ များဖြစ်ပွားခဲ့ပြီး အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြပွဲများကြောင့် ယူရိုသန်း (၆၅ဝ) တန်ဖိုးရှိ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီးနောက် ပြင်သစ်အစိုးရသည် ရဲအရာရှိ(၄၅ဝဝဝ) ခန့်ကို ဖြန့်ကျက်ချထားခဲ့ ကြောင်း France Assureurs အဖွဲ့က ပြောကြားခဲ့သည်။


ဆန္ဒပြပွဲများအတွင်း လူပေါင်း(၄ဝဝဝ)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက်မှ(၁၂ဝဝ)မှာ အရွယ်မရောက် သေးသူများဖြစ်ကြောင်း သိရသည်။ ပြင်သစ်အာဏာပိုင်များသည် ပဲရစ်မြို့တွင် ကျင်းပမည့် ၂ဝ၂၄ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲအတွက် ရာဇဝတ်မှုကင်းစင်သောမူဝါဒကို မြှင့်တင်ထားသောကြောင့် အကျဉ်းသားများ ပိုမို များပြားလာနိုင်ဖွယ်ရှိကြောင်း အကျဉ်းသားထောက်ခံအားပေးရေးအဖွဲ့ Observatoire International des Prisons က သတိပေးပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နွားကိုရှောင်လိုက်သည့်(၁၂)ဘီးကားကို ကြက်သွန်ကားမှ ဝင်တိုက်ခဲ့ရာ (၂)ဦးသေဆုံးမှု စစ်ကိုင်းမြို့၌ ဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved