နိုင်ငံတော် အရေးပေါ်ကာလကို (၆)လ သက်တမ်းထပ်မံတိုး
NSS - ဇူလိုင် ၃၁
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ၂/ ၂၀၂၃ အစည်းအဝေးကို ယနေ့ ဇူလိုင်လ (၃၁) ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ကျင်းပခဲ့ပြီး အရေးပေါ်ကာလကို (၆) လသက်တမ်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းမှ စတင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခင်က ကျင်းပခဲ့သည့် ကာလုံအစည်းအဝေးများတွင် ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခြင်းမရှိခဲ့ဘဲ ယခုတစ်ကြိမ်တွင် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစကအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ရာတွင် ယခင်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် စစ်မှန်စည်းကမ်း ပြည်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒ ရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတိုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုလျင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တင်ပြခဲ့ ကြောင်း သိရသည်။
ကာလုံအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြိးအပါအဝင် အထူးဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေ ရန် အလေးထားလုပ်ဆောင်မည်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်ဖွင့်လှစ်မည့် (၅၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ကျပ် သန်း (၃၇၀၀)ကျော် ချီးမြှင့်မည်ဟုဆို
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ