Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သံလွင်တံတား၌ ပြင်းထန်သော ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၂)ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေ

NSS - ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတားစစ်ဆေးရေးဂိတ်၌ ပြင်းထန်သော ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၂)ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း သတင်းရရှိသည်။



ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၃၁ ရက်)၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် သံလွင်တံတား(တရုတ်လှ)ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်၌ အထက်ပါကဲ့သို့ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့်လုံခြုံရေးအဖွဲ့ဝင်များက NSS ကိုပြောသည်။

၎င်းစစ်ဆေးရေးဂိတ်၌ Honda Fit အမျိုးအစား အဖြူရောင်ကားတစ်စီးကို လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးနေစဉ်အချိန်တွင် ယင်းကားအတွင်းမှ ရုတ်တရက်ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“အဲဒီကားက လီဗာကို အလေးတင်ပြီးတော့ လူမပါဘဲ လွှတ်လိုက်တာ အဲဒီကားက တစ်ခြားကားတွေကို ဝင်တိုက်လို့ ယာဉ်ထိန်းရဲက ကားကိုစစ်ဖို့ ကားရဲ့ရှေ့တံခါးကို ဖွင့်တဲ့အချိန်မှာ ပေါက်ကွဲခဲ့တာလို့ လော လောဆယ် သိရတယ်။ အဲဒီယာဉ်ထိန်းရဲလည်း ဆုံးသွားတယ်။ နောက်ခရီးသွားတစ်ဦးလည်း ဆုံးသွားတယ်လို့ သိရတယ်”ဟု လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက NP News ကို ပြောသည်။

သံလွင်တံတားစစ်ဆေးရေးဂိတ်၌ ပေါက်ကွဲမှုဖြစ်စဉ်သည် ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုနှင့် ပျက်စီးမှုများပြားကြောင်းလည်း တံတားအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးက NP News ကိုပြော သည်။

“အခုမနက်မိုးရွာနေတုန်းအသံကြားရတာ၊ သွားကြည့်တဲ့အချိန်ကြတော့ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေထိခိုက်တယ်လို့ပြောတယ်။ မော်တော်ပီကယ်နဲ့နှစ်ယောက် သေတယ်ကြားတယ်။ အပျက်အစီးတော်တော်များတယ်။ ကားဗုံးခွဲတာလို့ပြောတယ်။ ဗုံးကတော်တော်ပြင်းတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

ထိုကဲ့သို့ ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကားအားစစ်ဆေးရန် တံခါးဆွဲဖွင့်ခဲ့သော ယာဉ်ထိန်းရဲတပ်ကြပ်ကြီးဖြစ်သူ မျိုးမျိုးနှင့် အရပ်သားခရီးသွားပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

ထို့ပြင် ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း တံတားလုံခြုံရေးပူးပေါင်းအဖွဲ့မှ တပ်ကြပ်ကြီး မင်းထွန်းဇော်အပါအဝင် လုံခြုံရေးအဖွဲ့ဝင်(၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အနက် အသက်အန္တရာယ်စိုးရိမ်ရသည့် လုံခြုံရေးအဖွဲ့ဝင်များလည်း ရှိနေကြောင်း သိရသည်။

အလားတူ ယင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း အရပ်သားများဖြစ်ကြသည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့ သံလွင်တံတားစစ်ဆေးရေးဂိတ်၌ ယခုကဲ့သို့ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Gasifier အသုံးပြုခြင်းဖြင့် ဈေးကွက်၏လိုအပ်ချက်ကို အချိန်နှင့်တပြေးညီဖြည့်ဆည်းနိုင်ပြီး ဈေးကွက်ခိုင်မာမှုရရှိနိုင်ဟုဆို

RELATED POSTS
RECENT POSTS
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved