အာဏာသိမ်းမှုများကြောင့် နိုင်ဂျာသို့ ကူညီပေးနေသည့်အကူအညီများအားလုံးကို ဆိုင်းငံ့သွားမည်ဟု ပြင်သစ်အစိုးရပြော
Pika (NSS) - ဇူလိုင် ၃ဝ
ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး နိုင်ဂျာနိုင်ငံအပေါ်ကူညီပေးနေသည့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီနှင့် ဘတ်ဂျက်ထောက်ပံ့မှုအားလုံးကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုင်ဂျာနိုင်ငံတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇွန်ကို ရာထူးပြန်လည်ပေးအပ်ရန် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စတင်ရန် ပြင်သစ်အစိုးရက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီသည် ၂ဝ၂၁ ခုနှစ်တွင် နိုင်ဂျာနိုင်ငံကို ထောက်ပံ့ငွေအဖြစ် ယူရို(၉၇)သန်း ပေးခဲ့ဖူးကြောင်း သိရသည်။ ပြင်သစ်သမ္မတမက်ခရွန်သည် နိုင်ဂျာစစ်တပ်၏ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါလုပ်ရပ်သည် ဒေသတွင်းအတွက် အန္တရာယ်များရှိလာနိုင်ကြောင်း ပြောခဲ့သည်။
ထို့အပြင် ဇူလိုင်လ(၂၆)ရက်ကတည်းက နေအိမ်တွင် ဖမ်းဆီးခံထားရသော သမ္မတမိုဟာမက်ဘာဇွန်ကို လွှတ်ပေး ရန် နိုင်ဂျာစစ်တပ်ကို ၎င်းက တောင်းဆိုခဲ့ကြောင်း သိရသည်။ နိုင်ဂျာသည် မတည်ငြိမ်မှုများ၊ မလုံခြုံမှုများ နှင့် အစွန်းရောက်တိုက်ခိုက်မှုများကို ကြုံတွေ့နေရသည့် ပြင်သစ်၏ မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
မာလီအစိုးရ၏ တောင်းဆိုချက်များအရ ပြင်သစ်အစိုးရသည် ၎င်း၏ အစွန်းရောက်ဆန့်ကျင်ရေးများကို အဆုံးသတ် ခဲ့ပြီး ယခုလအစောပိုင်းတွင် မာလီနိုင်ငံမှ ၎င်း၏ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ အဆိုပါ အာဏာသိမ်းမှုသည် နိုင်ဂျာနိုင်ငံတွင် ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်း သုံးကြိမ်မြောက်အာဏာသိမ်းယူမှုဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူးမြို့ရှိ (230 KV) ဓာတ်အားလိုင်းမှ ဓာတ်အားတိုင် (၂)တိုင်ကို PDF အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ