Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
BRICS အဖွဲ့သို့ဝင်ရောက်ခွင့်နှင့်ပတ်သက်ပြီး စည်းမျဉ်းများကို တင်းကြပ်ထားရန် အိန္ဒိယအစိုးရတိုက်တွန်းတောင်းဆို

Pika (NSS) - ဇူလိုင် ၂၉

BRICS အဖွဲ့သို့ ဝင်ရောက်ရန် အလိုရှိနေသော အဖွဲ့ဝင်အသစ်များ၏ ဝင်ခွင့်အတွက် တင်းကြပ်သော စည်းမျဉ်းများကို ချမှတ်ရန် အိန္ဒိယအစိုးရက တောင်းဆိုထားကြောင်းသိရသည်။


သတင်းရင်းမြစ်များအရ BRICS အဖွဲ့ကို ပိုမိုချဲ့ထွင်ရန် အလိုရှိနေသော တရုတ်၏အဆိုပြုချက်ကိုဘရာဇီးအစိုးရက ကန့်ကွက်ထားကြောင်းသိရသည်။ BRICS အဖွဲ့ကို (၂၀၀၉) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကတို့ ပါဝင်ကြောင်းသိရသည်။ ဩဂုတ်လတွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့၌ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်သည့် ကြိုတင်ဆွေးနွေးပွဲတစ်ခုအတွင်း အိန္ဒိယနှင့် ဘရာဇီးတို့သည် အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေးဗျတို့၏အဖွဲ့တွင်းသို့ ဝင်ရောက်မည့် အလားအလာများကို ကန့်ကွက်ခဲ့ကြကြောင်းသိရသည်။

BRICS အဖွဲ့သို့ မည်သည့်နိုင်ငံများက ပါဝင်နိုင်သည်ဆိုသည့်အချက်နှင့် မည်သည့်အချိန်တွင် ပါဝင်နိုင်သည်ဆိုသည့် တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားသင့်ကြောင်း အိန္ဒိယအစိုးရက အခိုင်အမာပြောကြားခဲ့သည်။ အဖွဲ့တွင်း၌ ဆော်ဒီအာရေးဗျထက် အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယားတို့ကဲ့သို့သော ဒီမိုကရေစီလိုလားသည့် နိုင်ငံများကို ဖိတ်ခေါ်ရန် BRICS အဖွဲ့ဝင်နိုင်ငံများက အဆိုပြုထားကြောင်း သိရသည်။ ဆော်ဒီအာရေးဗျ၊ အီရန် ၊အီဂျစ် ၊ဘင်္ဂလားဒေ့ရှ်၊ အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနားနှင့် အီသီယိုးပီးယားတို့သည် အဖွဲ့ဝင်အဖြစ်ပါဝင်ရန် တရားဝင်လျှောက်ထားကြပြီး အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများသည်  BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် ဖိတ်ကြားခံထားရကြောင်းသိရသည်။

ထို့ပြင် BRICS အဖွဲ့သည် ထိပ်သီးအစည်းအဝေးမကျင်းပမီ အဖွဲ့ဝင်အသစ်များ လက်ခံခြင်းဆိုင်ရာ မူဘောင်တစ်ရပ်ကို မိတ်ဆက်ရန် မျှော်လင့်ထားကြောင်းသိရသည်။ BRICS အဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သော တောင်အာဖရိကအစိုးရက နိုင်ငံပေါင်း(၄၀)ကျော်သည် အဖွဲ့တွင်ပါဝင်ရန်အတွက် စိတ်အားထက်သန်နေကြကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ဖော်ပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပခုက္ကူမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved