ကျောက်တံခါးမြို့နယ်ရှိ ဓာတ်အားလိုင်းတိုင်များအား KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၇
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ အမှတ်(၂)မဟာဓါတ်အားလိုင်းတိုင်(၂)ခုအား KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၂၄ ရက်)၊ နံနက် ၈နာရီ ၁၅မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော အမှတ်(၂)မဟာဓါတ်အားလိုင်းတိုင်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဓါတ်အားလိုင်းတိုင်များအား KNU နှင့် PDF ပူးပေါင်းအဖွဲ့က လာရောက်၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်အမှတ် (၂၄၅) နှင့် (၂၄၆)တို့တွင် ဓာတ်တိုင်၏ အောက်ခြေတိုင်များ ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်၌ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်တိုင်များအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဘောသားများ စည်းကမ်းထိန်းသိမ်းရေး နှင့် တာဝန်မဲ့ အေဂျင်စီများကို အရေးယူနိုင်ရန် စီစဉ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ