အနောက်အုပ်စုနိုင်ငံတွေက ဒေါ်လာကို လက်နက်အဖြစ် အသုံးပြုနေကြောင်း ရုရှားသမ္မတပူတင် ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၇
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ အမေရိကန်ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုနေ ကြောင်း ရုရှားသမ္မတပူတင် က ထုတ်ဖော်ပြောလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ဟာ ဘရာဇီးသမ္မတဟောင်းဖြစ်သလို လက်ရှိအချိန်မှာ New Development ဘဏ်အကြီးအကဲ Dilma Rousseff နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသမ္မတဟောင်းဟာ ပြီးခဲ့တဲ့ မတ်လမှာ BRICS အဖွဲ့ရဲ့ New Development ဘဏ်အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့ကြောင်း သိရပါတယ်။
ရုရှားသမ္မတပူတင်က "လက်ရှိ ကမ္ဘာဘဏ္ဍာရေးဈေးကွက်မှာ ငွေကြေးလုပ်ငန်းတွေ လုပ်ရကိုင်ရတာ မလွယ်ဘူး။ အမေရိကန်ဒေါ်လာကို နိုင်ငံရေးရည်ရွယ်ချက်နဲ့အသုံးပြုနေတဲ့လက်နက်အဖြစ် သုံးနေတယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှုရဲ့ ၂ဝ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ပေမယ့် ကမ္ဘာ့ အရန်ငွေကြေးမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုက ၅ဝ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရပါတယ်။
ရုရှားသမ္မတပူတင်က ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဟာ တစ်စုံတစ်ဦးကို တိုက်ခိုက်ဖို့ ရည်ရွယ်ခြင်းမရှိကြောင်း၊ ငွေကြေးပိုင်း အပါအဝင် အပြန်အလှန်အကျိုး စီးပွားတွေကို အတူတကွလုပ်ဆောင်ဖို့ ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ဆိုပါတယ်။
အဆိုပါ BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ အသုံးပြုခြင်းထက် အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းငွေကြေးကို အဓိကထား အသုံးပြုဖို့ ဦးဆောင်လုပ်ကိုင်နေကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အနောက်အုပ်စုနိုင်ငံများရဲ့ပိတ်ဆို့မှုချမှတ်ခံရတဲ့အပေါ် မကျေနပ်တဲ့အတွက် ရုရှားဟာ ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာ အသုံးပြုခြင်းထက် ပြည်တွင်းသုံးငွေကြေးကို အဓိကထားအသုံးပြုဖို့ စတင် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအတွင်း လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေပြီး နှစ်သောင်းတန်ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု နစကဥက္ကဋ္ဌအသိပေး
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း