သားအကြီးဆုံးဖြစ်သူကို ဝန်ကြီးချုပ်တာဝန်များ လွှဲပြောင်းပေးမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ထုတ်ဖော်ကြေညာ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၇
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းရဲ့သားအကြီးဆုံးဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် တာဝန် လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေထဲ သက်တမ်းအရှည်ဆုံးခေါင်းဆောင်အဖြစ်သတ်မှတ်ခံရတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ရာထူးကနေ အနားယူတော့မှာဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရပါတယ်။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားအစိုးရအဖွဲ့မှာ နှစ်ပေါင်း ၄ဝ နီးပါးကြာ ထိပ်တန်းတာဝန်များရယူခဲ့ဖူးပြီးနောက် ရာထူးကနေ အနားယူဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်တဲ့ ပြည်သူပါတီက ၈၂ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့ပြီးနောက် သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ် ရာထူးလွှဲပြောင်းပေးခြင်းနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံ နဲ့ နှိုင်းယှဉ်ဝေဖန်မှုတွေ ရှိနေပါတယ်။ အသက် ၇ဝ အရွယ်ရှိ ဟွန်ဆန်က "ကျွန်တော်ဟာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်တော့မှာ မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကို နားလည်စေချင် တယ်" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ မဲရလဒ်များကို လာမယ့်သြဂုတ် ၅ ရက်မှာ တရားဝင်ကြေညာပေးသွား မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပေမယ့် ထွက်ပေါ်နေတဲ့သတင်းတွေအရမှု ကမ္ဘောဒီးယားပြည်သူပါတီက လွှတ်တော်အတွင်းရှိနေရာပေါင်း ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားဘုရင်က လာမယ့်လအစောပိုင်းမှာ လွှတ်တော်ခေါ်ယူမှာဖြစ်ပြီး သြဂုတ်လ ၇ ရက်မှာ ဝန်ကြီးချုပ် အသစ် ခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်က သြဂုတ်လ ၂၁ ရက်မှာ ဝန်ကြီးချုပ် အသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုသွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ် ပြည်လမ်းမပေါ်တွင် YBS 21 မီးလောင်မှုဖြစ်ပွား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ