ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို သြဂုတ်လ ၂၁ ရက်မှာ ကျင်းပဖွယ်ရှိနေပြီး ဟွန်ဆန်ရဲ့သားဖြစ်သူ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၆
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က လာမယ့်သြဂုတ်လ ၂၁ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဇူလိုင်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်နေတဲ့ ပြည်သူပါတီက အပြတ်အသတ်အနိုင်ရခဲ့ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်က သြဂုတ်လ ၂၁ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုသွားမှာဖြစ်ကြောင်း၊ ဘုရင့်ဟာ လွှတ်တော်အသစ်ရဲ့ပထမဆုံးအစည်းအဝေးကို ခေါ်ယူကျင်းပသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့် သြဂုတ် ၅ ရက်မှာ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် ကြေညာပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရမှု ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ်နေရာ ဆက်ခံခွင့်ပေးဖွယ်ရှိနေကြောင်း သိရပါတယ်။
သြဂုတ်လ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားဘုရင်က ဝန်ကြီးချုပ်အသစ် ခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ဟွန်မာနက်က ၎င်းအနေနဲ့ အနာဂတ်မှာ နိုင်ငံ နဲ့ ပြည်သူတွေအတွက် တာဝန်များကို အကောင်းဆုံး ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အဓိကအတိုက်ခံပါတီကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးခဲ့တဲ့အတွက် ကမ္ဘောဒီးယားအစိုးရအပေါ် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေက ဝေဖန်ပြစ်တင်ခဲ့ပေမယ့် တရုတ် သမ္မတ ချီးကျူးပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရကတော့ အတိုက်ခံပါတီကို ပါဝင်ခွင့်မပေးဘဲကျင်းပတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲကို တုံ့ပြန်မှုအဖြစ် အကူအညီပေးမှုများ ရပ်ဆိုင်းမှာဖြစ်သလို ဗီဇာကန့်သတ်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ လေးဖာတောတံတားနှင့် ကျုံအိတ်တံတားတို့ ပြင်ဆင်ပြီးစီး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ