ပြည်ပြေးအဖြစ် ၁၇ နှစ်ကျော်ကြာနေထိုင်ခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း လာမယ့်လမှာ မိခင်နိုင်ငံကို ပြန်လာမယ်လို့ သမီးဖြစ်သူ ကြေညာ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၆
ပြည်ပြေးအဖြစ် နေထိုင်လျက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ xကို သြဂုတ်လ ၁ဝ ရက်နေ့မှာ ပြန်လာမှာဖြစ်တယ်လို့ သူရဲ့သမီးဖြစ်သူပီတွန်တန်က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လာဖို့ စီစဉ်ခဲ့ပေမယ့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး လက်ရှိအချိန်အထိ အနည်းဆုံး ၁၉ ကြိမ် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရပါတယ်။ သက်ဆင်ဟာ သူရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ကျင်းပနိုင်ဖို့ ဇူလိုင်လအစောပိုင်းမှာ မိခင်နိုင်ငံကိုပြန်ဖို့ စီစဉ်ခဲ့ပေမယ့် လက်တွေ့ ပြန်လာနိုင်ခြင်း မရှိကြောင်း သိရပါတယ်။
သက်ဆင်ဟာ ၂ဝဝ၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့အာဏာသိမ်းခြင်းကိုခံခဲ့ရပြီး အဲဒီနောက်ပိုင်းတည်းက ပြည်ပြေး အဖြစ် ၁၇ နှစ်ကြာ နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ ထိုင်းတရားရုံးချုပ်ဟာ သက်ဆင်ကို စွဲချက်လေးခုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ပေးထားရာ သက်ဆင်အနေနဲ့ ထိုင်းနိုင်ငံကို ပြန်လာချိန်မှာ အဲဒီပြစ်ဒဏ်တွေကို ကျခံရ ဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံးအနိုင်ရခဲ့တဲ့ ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ပီတွန်တန်က "ကျွန်မတို့ မိသားစုအတွက် ပျော်ရွှင်ရတဲ့နေ့ပါ။ ကျွန်မ အဖေရဲ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ မြေးဖြစ်သူ ကျောင်းသွား၊ ကျောင်းပြန်တာကိုတွေ့မြင်လိုတဲ့ ဖခင်ဖြစ်သူရဲ့ ဆန္ဒအမှန်တကယ်ပြည့်စေဖို့ မျှော်လင့်ပါတယ်။ ကျွန်မရဲ့ဖခင်ဖြစ်သူဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွက် အလုပ်တွေ အများကြီးလုပ်ခဲ့သူပါ။ သူဟာ ကံဆိုးမှုတွေနဲ့ တွေ့ကြုံရပြီး အသရေဖျက်ခံခဲ့ရပါတယ်" လို့ ပြောပါတယ်။
ထိုင်းအစိုးရတာဝန်ရှိသူများကလည်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် မိခင်နိုင်ငံကို ပြန်လာချိန်မှာ သက်ဆင်ကို လက်ခံပေးသွားဖို့အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို သြဂုတ်လ ၂၁ ရက်မှာ ကျင်းပဖွယ်ရှိနေပြီး ဟွန်ဆန်ရဲ့သားဖြစ်သူ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိနေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ