ဇူလိုင် ၂၇ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ ထိုင်းလွှတ်တော် နှစ်ရပ်ပူးပေါင်းပြုလုပ်မည့်အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ Wan Muhamad Noor Matha က သတင်းထုတ်ပြန်လိုက်သည်။
ရှေ့သို့ချီပါတီခေါင်းဆောင်အပေါ် ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းထပ်မံတင်သွင်းခြင်းကို ငြင်းဆန်ပယ်ချ ခဲ့သော လွှတ်တော်၏ လုပ်ရပ်ကို လက်မခံကြောင်း ဖွဲ့စည်းပုံအခြေခံဥပေဒရုံးထံ တိုင်ကြားမှုများရှိလာခဲ့ပြီးနောက် ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ က ဝန်ကြီးချုပ်အသစ်ရွေးချယ်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုင်းအစိုးရက ခန့်အပ်ထားသည့် အစိုးရဌာနများအပေါ် မကျေနပ်ချက်များ စုံစမ်းတင်ပြရေးရုံးသည် ရှေ့သို့ချီပါတီ ခေါင်းဆောင်ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းခဲ့ခြင်းကို လွှတ်တော်က ငြင်းပယ် ခြင်းနှင့်ပတ်သက်ပြီး စစ်ဆေးပေးရန်ဖွဲ့စည်းပုံအခြေခံဥပဒေခံရုံးထံ ဇူလိုင် ၂၃ ရက်က တင်ပြခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရက ခန့်အပ်ထားသည့် အစိုးရဌာနများအပေါ် မကျေနပ်ချက်များ စုံစမ်းတင်ပြရေးရုံး Ombudsman ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒုတိယရဲမှူးကြီး Keerop Kritteeranont က ပီတလင်ဂျာရိုအမ်ရက် ဝန်ကြီးချုပ်အဖြစ် ထပ်မံအမည်စာရင်းတင်သွင်းမှုငြင်းပယ်ခံရခြင်းကို မကျေနပ်သည့်အတွက် တိုင်ကြားစာပေါင်း ၁၇ ခု လက်ခံရရှိ ထားကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောခဲ့သည်။
ထိုင်းအောက်လွှတ်တော်၏ ဥပဒေရေးရာတာဝန်ရှိသူများ၊ အကြံပေးများနှင့်တိုင်ပင်ပြီးနောက် ဇူလိုင် ၂၇ ရက်တွင် ကျင်းပမည့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ က ပြောသည်။
ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို စီစဉ်ထားသည့်အတိုင်း ဇူလိုင် ၂၇ ရက်တွင် ကျင်းပမည်ဆိုလျှင် ဖွဲစည်းပုံအခြေခံ ဥပေဒခုံရုံး ဆုံးဖြတ်ချက်များ နှင့် ထိပ်တိုက်တွေ့ဆုံမည်ကိုစိုးရိမ်မိကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ က ပြောသည်။ စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်နေခြင်းကြောင့် လာမည့် ဇူလိုင် ၂၇ ရက်တွင် ကျင်းပမည့် ဝန်ကြီးချုပ် အသစ်ရွေးချယ်ပွဲကိုရွှေ့ဆိုင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များ နှင့် အထက်လွှတ်တော်ကိုယ်စားလှယ်များ က တောင်းဆိုမှုများရှိနေကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်တာမိုင်ယာမီအသင်းတွင် တစ်ပွဲသာကစားပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ မက်ဆီ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ