အင်တာမိုင်ယာမီအသင်းတွင် တစ်ပွဲသာကစားပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ မက်ဆီ
Pika (NSS) - ဇူလိုင် ၂၅
ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီသည် အင်တာမိုင်ယာမီအသင်းအတွက် ပွဲဦးထွက်တစ်ပွဲသာ ကစားပြီးနောက် အင်တာမိုင်ယာမီအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
မက်ဆီကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း အင်တာမိုင်ယာမီအသင်းနည်းပြတာတာမာတီနိုက အတည်ပြုပြောခဲ့သည်။ မက်ဆီသည် Cruz Azul အသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ၏ နောက်ဆုံးမိနစ်တွင် ဖရီးကစ်ကန်ကာ ဂိုးသွင်းယူနိုင်ခဲ့ပြီး (၂)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အင်တာမိုင်ယာမီအသင်း၏ လက်ရှိအသင်းခေါင်းဆောင်မှာ ကွင်းလယ်ကစားသမား ဂရီဂိုရီဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်ကာ မက်ဆီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ သို့သော်လည်း ကွင်းလယ်လူဂရီဂိုရီ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသည့်အချိန်တွင် အသင်းခေါင်းဆောင်အဖြစ် ပြန်ခန့်အပ်ခံရမလား ဆိုသည့်အချက်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း သိရသည်။
မက်ဆီသည် ဘာစီလိုနာအသင်းတွင် အသင်းခေါင်းဆောင်လက်ပတ်ကို အမြဲဝတ်ဆင်ထားခဲ့ရသော်လည်း ပီအက်စ်ဂျီအသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် မက်ဆီ သည် အာဂျင်တီးနားအသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး (၂ဝ၂၂)ခုနှစ် ကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးရရှိခဲ့သူဖြစ် သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုရေးအရှုပ်ထွေးများ ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ရာထူးက ထုတ်ပယ်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း