ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ အာဏာရပါတီတို့အပေါ် တရုတ်သမ္မတ နဲ့ ဝန်ကြီးချုပ်တို့ ချီးကျုးဂုဏ်ပြု
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဝန်ကြီးချုပ်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန် တာဝန်ယူချိန်အတွင်း ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်ခဲ့သလို ပြည်သူ တွေရဲ့လူနေမှုအဆင့်အတန်း တိုးတက်ကောင်းမွန်ခဲ့ကြောင်း၊ ဒေသအတွင်း နဲ့ နိုင်ငံတကာမှာလည်း အပြန်အလှန် ဆက်ဆံရေးများ ကောင်းမွန်ခဲ့ကြောင်း တရုတ်သမ္မတက ပြောခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အတိုက်ခံပါတီကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးတဲ့အတွက် ကမ္ဘောဒီးယားအစိုးရအပေါ် အမေရိကန်နိုင်ငံက ဝေဖန်ပြစ်တင်မှုများရှိနေခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယားပြည်သူပါတီဟာ လွှတ်တော်နေရာပေါင်း ၁၂ဝ အနက် အနည်းဆုံး ၁၁၅ နေရာမှာ အနိုင်ရခဲ့ပြီး ၅ နေရာမှာ ရှုံးနိမ့်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်က ကျင်းပ တဲ့ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မဲပေးခွင့်ရှိသူ ပြည်သူဦးရေ ၈ သန်းကျော် လာရောက်ပေးခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားအာဏာရပါတီဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၁၂ဝ စလုံးကို အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို မြန်မာ အပါအဝင် နိုင်ငံတကာစောင့်ကြည့်လေလ့ာသူဦးရေ အနည်းဆုံး ၂ဝဝ ကျော် သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနဲ့ ကမ္ဘာ့သမိုင်းမှာ အစိုးရအဖွဲ့ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် နဲ့ ဝန်ကြီးချုပ် ရာထူးများကို အချိန်အကြာဆုံးတာဝန်ယူခဲ့ဖူးသူအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ လက်ရှိအချိန်မှာ သူရဲ့သားဖြစ်သူကို နေရာလွှဲပြောင်းဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်များကို ကွန်တိန်နာတွဲငါးတွဲအပြည့်တင်ကာ မြစ်ငယ်မြို့မှ ရန်ကုန်သို့ထွက်ခွာလာသည့် ကုန်ရထားတစ်စီး လမ်းချော်မှုဖြစ်ပွားခဲ့ဟု နစကဆို
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ