Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းတွင် ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား(၇)ဦးအ တွက် အာမခံကြေး၊ ဆုကြေးနှင့် နစ်နာကြေးများအမြန်ဆုံးရအောင် မြန်မာသံရုံး ဆောင် ရွက်ပေးမည်ဟုဆို

ယွန်း (NP News) - ဇန်နဝါရီ ၁၉

မဲခေါင်မြစ်အတွင်း ဆီတင်သင်္ဘော ပေါက်ကွဲမှု ကြောင့် မြန်မာနိုင်ငံသား(၆)ဦး အပါအဝင် ထိုင်းနိုင်ငံသား(၁)ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ဇန်နဝါရီလ ၁၈ ရက်၊ ညနေပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

  • ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၇)ရက်၊ ည(၁ဝ)နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်အတွင်း၌ ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်ရန် ရပ်နားထားသည့် ဆီတင်ယာဉ်သင်္ဘောပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 သည် အလုပ်သမား (၃ဝ)ဦးဖြင့် ဆီပိုက်လိုင်းများ ဂဟေဆော်နေစဉ် ပိုက်လိုင်းအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးခဲ့သူများအား ရှာဖွေခဲ့ရာ အဆိုပါနေ့ညပိုင်း၌ မြန်မာနိုင်ငံသား(၁)ဦး၏ ရုပ်အလောင်းအား စတင်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် ရှာဖွေမှုများအား ဇန်နဝါရီလ ၁၈ ရက်တွင် ဆက်လက်လုပ်ဆောင်ခဲ့ရာ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသား(၆)ဦးနှင့် ထိုင်းနိုင်ငံသား(၁)ဦးတို့၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်း ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား (၇)ဦး နှင့် ထိုင်းနိုင်ငံ သား(၁)ဦး စုစုပေါင်း (၈)ဦး သေဆုံးခဲ့ပြီး မြန်မာနိုင်ငံသား(၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းထွေးက အလုပ်သမားများ၏ မိသားစုဝင်များကို သွားရောက်တွေ့ဆုံခဲ့ပြီး အာမခံကြေး၊ ဆုကြေးနှင့် နစ်နာကြေးများအား မိသားစုဝင်များထံ အမြန်ဆုံး ရရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုခဲ့သည်။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သေဆုံးသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅ဝဝဝ) စီထောက်ပံ့ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား(၂)ဦးကိုလည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။


zawgyi version

ထိုင္းတြင္ ဆီတင္သေဘၤာေပါက္ကြဲမႈေၾကာင့္ ေသဆုံးခဲ့သည့္ ျမန္မာႏိုင္ငံသား(၇)ဦးအ တြက္ အာမခံေၾကး၊ ဆုေၾကးႏွင့္ နစ္နာေၾကးမ်ားအျမန္ဆုံးရေအာင္ ျမန္မာသံ႐ုံး ေဆာင္ ႐ြက္ေပးမည္ဟုဆို

ယြန္း (NP News)- ဇန္နဝါရီ ၁၉

မဲေခါင္ျမစ္အတြင္း ဆီတင္သေဘၤာ ေပါက္ကြဲမႈေၾကာင့္ ျမန္မာႏိုင္ငံသား(၆)ဦး အပါအဝင္ ထိုင္းႏိုင္ငံသား(၁)ဦး ေသဆုံးခဲ့ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဇန္နဝါရီလ ၁၈ ရက္)၊ ညေနပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၇)ရက္၊ ည(၁ဝ)နာရီအခ်ိန္တြင္ ထိုင္းႏိုင္ငံ၊ စမုဆြန္ခါခ႐ိုင္၊ စမုဆြန္ခရာၿမိဳ႕ရွိ မဲေခါင္ျမစ္အတြင္း၌ ျပဳျပင္ထိန္းသိမ္းေရးမ်ား ေဆာင္႐ြက္ရန္ ရပ္နားထားသည့္ ဆီတင္ယာဥ္သေဘၤာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါျဖစ္စဥ္မွာ ဆီတင္ယာဥ္သေဘၤာ Smoosh Sea C22 သည္ အလုပ္သမား (၃ဝ)ဦးျဖင့္ ဆီပိုက္လိုင္းမ်ား ဂေဟေဆာ္ေနစဥ္ ပိုက္လိုင္းအတြင္းရွိ ဆီလက္က်န္မ်ားမွတစ္ဆင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ ေပ်ာက္ဆုံးခဲ့သူမ်ားအား ရွာေဖြခဲ့ရာ အဆိုပါေန႔ညပိုင္း၌ ျမန္မာႏိုင္ငံသား(၁)ဦး၏ ႐ုပ္အေလာင္းအား စတင္ေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ ထို႔ေနာက္ ရွာေဖြမႈမ်ားအား ယေန႔တြင္ ဆက္လက္လုပ္ေဆာင္ခဲ့ရာ နံနက္ပိုင္းတြင္ ျမန္မာႏိုင္ငံသား(၆)ဦးႏွင့္ ထိုင္းႏိုင္ငံသား(၁)ဦးတို႔၏ ႐ုပ္အေလာင္းမ်ားကို ထပ္မံေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

၎ ဆီတင္သေဘၤာေပါက္ကြဲမႈေၾကာင့္ ျမန္မာႏိုင္ငံသား (၇)ဦးႏွင့္ ထိုင္းႏိုင္ငံ သား(၁)ဦး စုစုေပါင္း (၈)ဦး ေသဆုံးခဲ့ၿပီး ျမန္မာႏိုင္ငံသား(၂) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သံ႐ုံး၏ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသန္းေထြးက အလုပ္သမားမ်ား၏ မိသားစုဝင္မ်ားကို သြားေရာက္ေတြ႕ဆုံခဲ့ၿပီး အာမခံေၾကး၊ ဆုေၾကးႏွင့္ နစ္နာေၾကးမ်ားအား မိသားစုဝင္မ်ားထံ အျမန္ဆုံး ရရွိေအာင္ ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးေျပာဆိုခဲ့သည္။

ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ားကို တစ္ဦးလွ်င္ ထိုင္းဘတ္ေငြ (၅ဝဝဝ) စီေထာက္ပံ့ေပးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ျမန္မာႏိုင္ငံသား(၂)ဦးကိုလည္း လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်များကို အုပ်ချုပ်ခွင့်‌ပေးသင့်ကြောင်း အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး အကြံပြုတိုက်တွန်း

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved