Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်လာသန်း (၆ဝ)ကျော်ဖြင့် လုပ်ဆောင်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းပြင်ပ လမ်း၊ လျှပ်စစ်ရရှိရေးလုပ်ငန်းများကို မကြာခင်အကောင်ထည်ဖော်မည်

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၉

အမေရိကန်ဒေါ်လာသန်း(၆ဝ)ကျော်ဖြင့် လုပ်ဆောင်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း(KMIC)ပြင်ပ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို မကြာခင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းသည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်ခဲ့သော စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် နစက၏ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် KMIC စက်မှုဇုန်ပြင်ပ အခြေခံအဆောက်အအုံစီမံကိန်းအတွက် စီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ခွဲဝေပေးထားကြောင်း သိရသည်။

KMIC စက်မှုဇုန်စီမံကိန်းပြင်ပ အခြေခံအဆောက်အအုံလုပ်ငန်းများထဲတွင် လမ်း ဖောက်ခြင်း၊ ရေရရှိရေး နှင့် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများကို အကောင်အ ထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အဆိုပါစီမံကိန်းများကို ကိုရီးယားနိုင်ငံရှိ Korea Exim Bank ၏ EDCF ချေးငွေအကူအညီ အမေရိကန်ဒေါ်လာ (၆၁ ဒသမ ၈၁၆)သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

စီမံကိန်းဦးဆောင်အဖွဲ့အား Korea Exim Bank မှ EDCF ချေးငွေဆိုင်ရာပြဋ္ဌာန်းထားသော စီမံကိန်းအကြံပေးခန့်အပ်ခြင်းနှင့် စီမံကိန်းအထောက်အကူပြုခြင်းတို့နှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်များနှင့်အညီ ရွေးချယ်ဆောင်ရွက်ပေးရန် ဝန်ကြီးဌာနက တာဝန်ပေးထားသည်။ ထို့ပြင် ကန်ထရိုက်တာများမှ တင်ပြလာသည့် စီမံကိန်းအကောင်အထည်ဖော်မှု အ ဆင့်ဆင့်ကို အကြံပေးနှင့်အတူ စီမံချက်ရေးဆွဲခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အ တည်ပြုခြင်းတို့ကို ဆောင်ရွက်သွားရန်လည်း စီမံကိန်းဦးဆောင်အဖွဲ့ကို တာဝန် ပေးထားသည်။

ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုစီမံကိန်း(ESMP)အပါအဝင် ကနဦးပတ် ဝန်းကျင်ဆန်းစပ်ခြင်း(IEE) သို့မဟုတ် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (ESIA) တို့ကိုဆောင်ရွက်ရမည့်အပြင် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ထိခိုက်မှုများနှင့် ESMP အကောင်အထည်ဖော်ခြင်းကို ဦးဆောင်အဖွဲ့အနေဖြင့် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းသည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း တည်ရှိပြီး လေဆိပ်၊ အမြန်လမ်းနှင့် ဆိပ်ကမ်းတို့အနီးတွင် တည်ရှိသည့်အတွက် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုမှု များရှိခဲ့သည်။


zawgyi version








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းတွင် ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား(၇)ဦးအ တွက် အာမခံကြေး၊ ဆုကြေးနှင့် နစ်နာကြေးများအမြန်ဆုံးရအောင် မြန်မာသံရုံး ဆောင် ရွက်ပေးမည်ဟုဆို

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved