Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ယနေ့မှစ၍ ယာယီရပ်ဆိုင်း

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ယနေ့ (ဇန်နဝါရီလ ၁၇ ရက်)မှစ၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် စေလွှတ်မည့်အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်အကိုင်အေဂျင်စီများနှင့်ညှိနှိုင်းကာ ယခင်ကတည်းက ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ဇန်နဝါရီလ ၁၇ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းကြောင်း သက်ဆိုင်ရာဌာနများက အကြောင်းကြားထားသည်ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က ဆို ထားသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း MOEAF က အသိပေးအကြောင်းကြားထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှစတင်ကာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကြေ ညာထားသည်။ ၎င်းကဲ့သို့ရပ်ဆိုင်းထားခဲ့သော်လည်း ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများက ညှိနှိုင်းဆောင်ရွက် ပုံမှန်ဆောင်ရွက်ပေးမှုများရှိခဲ့သည်။

လက်ရှိအချိန်တွင် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရှိရပြီး နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း နိုင်ငံကူးလက်မှတ်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လာမည့်(၃)ပတ်ခန့်အကြာတွင် ပြန်လည်စတင်နိုင်မည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်စ တင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။


zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြီးခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံ၌ ယာဉ်တိုက်မှုကြောင့် (၁)ရက်လျှင် လူ(၇)ဦးနှုန်း သေဆုံးကာ (၂၁)ဦးနှုန်း ဒဏ်ရာရရှိခဲ့

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved