Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံပိုင်သတင်းစာတွင် ပျောက်ဆုံးကြောင်း ထည့်သွင်းကြော်ငြာပြီး (၆)လအကြာ၌ အသစ်ပြန်လည်လျှောက်ထားနိုင်

ယွန်း (NSS) - ဇူလိုင် ၂၂

နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံပိုင်သတင်းစာတွင် ပျောက်ဆုံးကြောင်း ထည့်သွင်းကြော်ငြာပြီး (၆)လအကြာတွင်  အသစ်ပြန်လည် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယမန်နေ့ (ဇူလိုင် ၂၁ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို အဆင်ပြေစေရန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လစဥ် ပြည်တွင်း၊ ပြည်ပ၌ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီး၍ ပြန်လည်လျှောက်ထားသူများပြားလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


ထို့ကြောင့် ပြည်တွင်း၌ ပျောက်ဆုံးသူများအနေဖြင့် ပြန်လည်လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ‌ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက်တို့ဖြင့် နိုင်ငံပိုင်သတင်းစာ တစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပြန်ရရေးအတွက် အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ပျောက်ဆုံးနိုင်ငံကူးလက်မှတ်အမှတ်တို့အား မှန်ကန်စွာထည့်သွင်းကြော်ငြာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ မနက်ဖြန်(ဇူလိုင် ၂၃ ရက်) မှစ၍ သတင်းစာတွင်ကြော်ငြာပါပြီး (၆)လအကြာတွင် သတင်းစာမူရင်းနှင့် အတူ မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံးများသို့ သွားရောက်၍ ပြည်တွင်းတွင် အမှန်တကယ်ပျောက်ဆုံး ကြောင်း ခံဝန်ကတိပြုလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ဆိုထား သည်။

ထို့နောက် စာအုပ်ဖိုး(၃၅ဝဝဝ)ကျပ် အပါအဝင် ပျောက်ဆုံး/ပျက်စီး ဒဏ်ကြေးငွေ(၅၆ဝဝဝ)ကျပ် စုစုပေါင်း (၉၁ဝဝဝ)ကျပ်ကို ပေးဆောင်ပြီး နိုင်ငံကူးလက်မှတ်အသစ် ပြန်လည်လျှောက်ထားရန် ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ် စွန်းထင်းခြင်း၊ ရေစိုခြင်း၊ ရေးခြစ်ထားခြင်းတို့ကြောင့် ပျက်စီးခြင်းများဖြစ်ပွား၍ ပြည်ပ သို့ထွက်ခွာနိုင်ရေး ပြန်လည်လျှောက်ထားမည်ဆိုပါက ပျက်စီးသည့်စာအုပ်နှင့်အတူ အထက်ပါအတိုင်း ငွေကျပ် (၉၁ဝဝဝ)ပေးဆောင်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး/ရုံးခွဲများတွင် လျှောက်ထားနိုင်ကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။

အလားတူ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် ပျက်စီး/‌ပျောက်ဆုံး ခြင်းများ ဖြစ်ပေါ်ပါက စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာသံရုံးသို့သွား၍ စာအုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၃၅)ဒေါ်လာ၊ ပျောက်ဆုံးဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ(၁ဝ၅)ဒေါ်လာ စုစုပေါင်းဒေါ်လာ(၁၄ဝ)ဒေါ်လာ နှင့်ညီမျှသည့် သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးတန်ဖိုးအတိုင်းပေး သွင်းပြီး အသစ်ပြန်လည်လျှောက်ထားနိုင် ကြောင်း သိရသည်။

ထို့ပြင် ပြည်ပနိုင်ငံများ၌ နိုင်ငံကူးလက်မှတ်‌ပျောက်ဆုံးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်‌ရောက်ပါက နိုင်ငံကူး လက်မှတ်အသစ်ပြန်လည်လျှောက်ထားလိုပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် ပြင်ပပျောက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ(၁ဝ၅)ဒေါ်လာနှင့်ညီမျှသော မြန်မာငွေ(ဗဟိုဘဏ်သက်မှတ်သည့်နှုန်းထား) နှင့် စာအုပ်ဖိုးငွေကျပ်(၃၅ဝဝဝ)ပေးသွင်းပြီး ပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထားသူများအနေဖြင့် ပျောက်ဆုံးပြီး အသစ်ပြန်လည်လျှောက်ထားရာ၌ အချက်အလက်များ လိမ်လည်ဖော်ပြသည်ကို စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပြန်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆီးရီယားမှာ မိဘတွေနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေအတွက် ကလေးတွေကို ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့ ISIL ကို ကုလသမဂ္ဂကျွမ်းကျင်သူတွေက ရှုတ်ချ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved