မြန်မာနိုင်ငံ၏ ပထမဆုံး eSports အပ်ပ် Eternity ကို ဖန်တီးနိုင်ခဲ့ဟုဆို
Pika (NSS) - ဇူလိုင် ၂ဝ
eSports ကို အခြေခံထားသော Eternity အပ်ပ်ကို မြန်မာနိုင်ငံရှိ ကစားသမားများ၊ ပြည်တွင်းမှ eSports ပရိသတ် များအတွက် ဖန်တီးပေးခဲ့ကြောင်း သိရသည်။ Eternity အပ်ပ်သည် ပြည်တွင်းရှိ မြန်မာ eSports အခင်းအကျင်း များ အားလုံးအတွက် အဓိကနေရာတစ်ခုဖြစ်လာနိုင်မည်ဟု မျှော်လင့်နေကြောင်း Eternity ၏ တာဝန်ရှိသူတစ်ဦး ဖြစ်သူ အောင်ခန့်ဇော်၏ ပြောကြားချက်အရ သိရသည်။
Eternity အပ်ပ်တွင် သီးသန့်ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုများ၊ ဗီဒီယိုကလစ်များ၊ သတင်းဆောင်းပါးများ နှင့် ပြည်သူများအနေဖြင့် ၎င်းတို့ကြိုက်နှစ်သက်သော အသင်းများမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ခြင်းစသည့် ဝန်ဆောင်မှုများစွာ ပါဝင်ကြောင်း သိရသည်။
Eternity သည် နိုင်ငံတကာနှင့်ပြည်တွင်းမှ eSports နှင့် သက်ဆိုင်သောသတင်းများအားလုံးကို အစီရင်ခံရန် ရည်ရွယ်ထားသော ဌာနတစ်ခုရှိကြောင်း အောင်ခန့်ဇော် က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လူကြိုက်များသော eSports ဂိမ်းများမှာ Mobile Legends၊ Dota 2၊ Valorant၊ CS:GO နှင့် PUBG:Mobile တို့ဖြစ်ပြီး နောက်ထပ် ထည့်သွင်းရမည့် ဂိမ်းများကျန်ရှိနေသေးကြောင်းလည်းသိရသည်။လက်ရှိအချိန်တွင် Eternity သည် မြန်မာနိုင်ငံရှိ eSports အဖွဲ့အစည်းတစ်ခုဖြစ်သည့် Falcon eSports ၏ တရားဝင်မိတ်ဖက်အဖြစ် လက်မှတ်ရေးထိုးထား ကြောင်း အောင်ခန့်ဇော် က ပြောကြားခဲ့သည်။
Eternity အပ်ပ်ကို ထုတ်လုပ်ပြီးနောက် လာမည့်စက်တင်ဘာလတွင် Eternity က ကြီးမှူးကျင်းပမည့် ဆုငွေ ကျပ်သန်း (၂ဝ)ရှိသော “Light of Dawn” ပြိုင်ပွဲ Season-2 ကို တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့ကြောင်း လည်း သိရသည်။ အောင်ခန့်ဇော်က "သီးသန့်ပြိုင်ပွဲတွေအတွက် တခြားစီစဉ်သူတွေနဲ့ပူးပေါင်းဖို့ ကျွန်တော်တို့ အရမ်းစိတ်ဝင်စားပါတယ်။ ကျွန်တော်တို့ အပ်ပ်ရဲ့အဓိကအချက်တစ်ခုက ပြိုင်ပွဲတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကို ဖန်သားပြင်မှ ရိုက်ကူးခြင်း နဲ့ မှတ်တမ်းတင်ခြင်းတို့ကို ကာကွယ်ထားမှာပဲဖြစ်ပါတယ်။ သီးသန့်ပြိုင်ပွဲတွေကို ကြည့်ရှုနိုင်မယ့် ပရီမီယံအရသာကို ပရိသတ်တွေကို ပေးလိုပါတယ်" ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ eSports အခင်းအကျင်းသည် မိုဘိုင်းလ်ဂိမ်းဈေးကွက်များသို့ မှီနေပြီဖြစ်ပြီး တိုးတက်မှုများရှိလာနိုင် မည်ဟု အောင်ခန့်ဇော်က ယုံကြည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ပညာရေး ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေဟုဆို
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ