ကမ္ဘောဒီးယားရွေးကောက်ပွဲကို ပြည်ပနိုင်ငံများ၏ အကြီးအကဲများ အပါအဝင် နိုင်ငံတကာမှ လူပေါင်း (၃၅ဝ)နီးပါး လာရောက်လေ့လာမည်
Pika (NSS) - ဇူလိုင် ၂ဝ
ကမ္ဘောဒီးယားတွင် ကျင်းပမည့်လွှတ်တော်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန်အတွက် နိုင်ငံတွင်းသို့ လာရောက်နေကြပြီဖြစ်သော နိုင်ငံပေါင်း(၆၅)နိုင်ငံမှ လေ့လာသုံးသပ်သူ(၃၃၃)ဦးအား ကြိုဆိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဇူလိုင်လ(၂ဝ)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဟွန်ဆန်က "(၂ဝ၂၃)ခုနှစ် ဇူလိုင်လ(၂၃)ရက်မှာ ကျင်းပမယ့် (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော် အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့လာရောက်ခဲ့ကြတဲ့ နိုင်ငံပေါင်း(၆၅)နိုင်ငံက စောင့်ကြည့်လေ့လာသူ (၃၃၃) ဦးကို အစိုးရကိုယ်စား လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်" ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် တိုက်ရိုက်လေ့လာကြည့်ရှုရန်အတွက် လုပ်ဆောင်နေသော မလေးရှားလွှတ်တော်ဥက္ကဋ္ဌ နှင့် ဂီနီ ဘစ်ဆောပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ကိုလည်း ကျေးဇူးတင်လိုကြောင်း ဟွန်ဆန် က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်များကို ကြည့်ရှုရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံတော်အကြီးအကဲဟောင်းများ၊ အစိုးရအကြီးအကဲများ၊ သမ္မတဟောင်းများ နှင့် အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ(၁၁)ဦးကိုလည်း ကျေးဇူးတင်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားလွှတ်တော်အထွေထွေရွေးကောက်ပွဲကို (၆)ကြိမ်ကျင်းပပြီးပြီဖြစ်ပြီး (၂ဝ၂၃)ခုနှစ် ဇူလိုင်လ(၂၃)ရက်တွင် ကျင်းပမည့် (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်အထွေထွေရွေးကောက်ပွဲသည် ပြည်ပနိုင်ငံများမှ စောင့်ကြည့်လေ့လာသူအများဆုံးရှိလာမည့် ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်းလည်း ဟွန်ဆန် က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ပထမဆုံး eSports အပ်ပ် Eternity ကို ဖန်တီးနိုင်ခဲ့ဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ