Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်နိုင်ငံရှိ မြန်မာကျောင်းသားများအား အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်တွင် Presentation Contest ဝင်ရောက်ယှဥ်ပြိုင်နိုင်ကြောင်း မြန်မာသံရုံးအသိပေး

ယွန်း (NSS) - ဇူလိုင် ၂၀ 

ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားများအနေဖြင့် အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်တွင် Presentation Contest ဝင်ရောက်ယှဥ်ပြိုင်နိုင်ကြောင်း မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇူလိုင်လ ၂၀ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။


အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ် အနေဖြင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှကြီးမှူး၍ “My Proposal-Our Future ASEAN-Japan Relations on the 50th Year of ASEAN-Japan Friendship and Cooperation” ခေါင်းစဉ်ဖြင့် Presentation Contest ကို လာမည့် နိုဝင်ဘာလ (၁၁) ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန် စိတ်ဝင်စားသည့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများကို ဖြန့်ဝေရန် အာဆီယံ-ဂျပန် စင်တာမှ အကြောင်းကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော အာဆီယံနိုင်ငံများမှကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် ၂ ဦးအထိဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဇူလိုင်လ (၃၁) ရက်၊ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းထားသည့် ပြိုင်ပွဲဝင်များကို ပြိုင်ပွဲစည်းကမ်းချက်များ အသေးစိတ်ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါစည်းကမ်းချက်များနှင့်အညီ အကျဉ်းချုပ်တင်ပြချက် (Abstract Submission)ကို ဩဂုတ် လ(၃၁)ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သံရုံးမှ အသိပေးထားသည်။

အကျဉ်းချုပ်တင်ပြချက်ပေးပို့၍ ပါဝင်ယှဉ်ပြိုင်ထားသူများမှ အဖွဲ့(၅)ဖွဲ့အား နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် အဖွဲ့များအနေဖြင့် ဂျပန်ဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် Presentation ၁၅ မိနစ်စာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ်အချက် အလက်များကို သိရှိလိုပါက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်တွင်းပြည်သူ့ဆက်ဆံရေးဌာန၊ ဖုန်း- ၀၃-၃၅၈၀-၃၃၁၁ (လိုင်းခွဲ-၅၀၅၀) နှင့် International Issues Presentation Contest Administration (Email-kokusaimondai@ec-mice.com) သို့ ဆက်သွယ်နိုင်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းပြည်သူများကို အေးဆေးတည်ငြိမ်စွာနေထိုင်ဖို့ ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တိုက်တွန်းတောင်းဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved