Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းပြည်သူများကို အေးဆေးတည်ငြိမ်စွာနေထိုင်ဖို့ ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တိုက်တွန်းတောင်းဆို


ဂျန်ဇက် (NSS) - ဇူလိုင် ၂ဝ

ထိုင်းပြည်သူများအနေနဲ့ အေးဆေးတည်ငြိမ်စွာနေထိုင်ကြစေလိုကြောင်း ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၁၉ ရက်က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ  ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရို အမ်ရက်ရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာရေးမျှော်လင့်ချက်အဆုံးသတ်ခဲ့ပြီးနောက် ရှေ့သို့ချီပါတီကို အားပေး ထောက်ခံတဲ့ ထိုင်းပြည်သူတွေဟာ ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပွဲများဦးဆောင်လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ထိုင်းပြည်သူတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေများနဲ့ ပတ်သက်ပြီး အေးဆေးတည်ငြိမ်ဖို့ တိုက်တွန်းတောင်းဆိုထားကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ပြောပါတယ်။


၎င်းက "ကျွန်တော်တို့ဟာ အိမ်စောင့်အစိုးရဖြစ်နေတဲ့အတွက် နိုင်ငံအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ရမယ့်တာဝန်ရှိနေပါတယ်။ ထိုင်းပြည်သူများအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး တရားဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာထုတ်ဖော်ခွင့်ရှိပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ကျူးလွန်တာမျိုးတော့ လုပ်လို့မရဘူး။ နိုင်ငံ့စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေကို ထိခိုက်ဖျက်ဆီးတာ မျိုးလုပ်လို့မရဘူး၊ ထိုင်းနိုင်ငံကို ပြည်ပခရီးသွားတွေလာရောက်မှုမြင့်တက်နေတယ်။ ဒီနှစ်အကုန်မှာဆိုရင် ထိုင်းနိုင်ငံကိုလာရောက်တဲ့ပြည်ပခရီးသွားအရေအတွက် လူဦးရေ ၃၅ သန်းအထိ ရှိလာမှာဖြစ်တယ်" လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာအနေနဲ့ ဝန်ကြီးချုပ်လောင်းပီတကို အားပေး ထောက်ခံသူများရဲ့ စိတ်ဆိုးဒေါသဖြစ်နေခြင်းအပေါ် နားလည်ကြောင်း၊ ဒါပေမယ့် စည်းမျဉ်းခံဘုရင်စနစ်နဲ့အတူ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းဖို့ တိုက်တွန်းထားကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ 

ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် လွှတ်တော်နှစ်ရပ်ရဲ့ထောက်ခံမဲ အပြည့်အဝ မရတဲ့အတွက် မျှော်လင့်ချက်များအဆုံးသတ်ခဲ့ရသလို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း ပီတလင်ဂျာရို အမ်ရက်ကို ရွေးကောက်ပွဲစည်းကမ်းများ ချိုးဖောက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဆိုင်းငံ့ခဲ့ပါတယ်။ 

ပီတကို အားပေးထောက်ခံသူတွေဟာ ဇူလိုင် ၁၈ ရက်၊ ဇူလိုင် ၁၉ ရက်ကတည်းက လွှတ်တော်အဆောက် အဦးအပြင်ဘက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအပြင်ဘက်မှာ စုရုံးဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင် ၁၉ ရက် ညပိုင်း မှာတော့ ပီတကို အားပေးထောက်ခံသူတွေဟာ  Democracy အရေးလှုပ်ရှားမှုတစ်ရပ် ထပ်မံကျင်းပခဲ့ပြီး ဖယောင်းတိုင်တွေ ကိုင်ဆောင်ကာဆန္ဒပြခဲ့သလို လက်သုံးချောင်ထောင် ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖားကန့်မြို့နယ်၌ ဈေးရောင်းရန်ပြင်နေသည့်အမျိုးသားကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

RELATED POSTS
RECENT POSTS
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved