အာဇာနည်နေ့၌ နိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူရန် နှင့် မော်တော်ယာဉ်များအနေဖြင့် ဟွန်းတီးရန် နစက ညွှန်ကြား
ယွန်း (NSS) - ဇူလိုင် ၁၈
မနက်ဖြန်(ဇူလိုင်လ ၁၉ ရက်)တွင် ကျရောက်မည့် (၇၆)မြောက် အာဇာနည်နေ့၌ သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးရန် နစကမှ အစိုရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်၌ ကျရောက်မည့် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေ ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက်လွှင့်ထူရေးကို နစကမှ ညွှန်ကြားထားကြောင်း သိရသည်။
ထို့ပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက်(၁၀)နာရီ (၃၇)မိနစ်အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးရေးကိုလည်း ထည့်သွင်း ညွှန်ကြားထားသည်။
အလားတူ အဆိုပါ အချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးရန် နစကမှ အစိုးရရုံးဌာန အဖွဲ့အစည်းအားလုံးကို အသိပေးထုတ်ပြန်ထားသည်။
ဇူလိုင်လ(၁၉)ရက်တွင် ကျင်းပမည့် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဗဟန်းမြို့ရှိ အာဇာနည်ဗိမာန်၌ အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အာဇာနည်နေ့တွင် အာဇာနည်ဗိမာန် အပါအဝင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်နှင့် အတွင်းဝန်ရုံးတို့ကို သွားရောက်မည့် လမ်းများကိုလည်း အခမ်းအနားကျင်းပမည့် နံနက်(၄)နာရီမှ အခမ်းအနားပြီးဆုံးသည်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေကြောင်း မိုးဇလထုတ်ပြန်
RELATED POSTS
16 Sep 2024 | အထွေထွေ,ပြည်တွင်း
16 Sep 2024 | အထွေထွေ,ပြည်တွင်း
14 Sep 2024 | အထွေထွေ,နိုင်ငံတကာ