ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးမည်ဟု တောင်ကိုရီးယားသမ္မတကတိပြု
Pika (NSS) - ဇူလိုင် ၁၆
တောင်ကိုရီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းများနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးအပ်သွားမည်ဟု တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က ကတိပြုခဲ့ကြောင်း သိရသည်။
ယွန်ဆက်ယိုလ်သည် ယူကရိန်းသမ္မတဇီလန်စကီးနှင့်တွေ့ဆုံရန်အတွက် ဇူလိုင်လ(၁၅)ရက်က ကိယက်ဗ်မြို့သို့ အလည်အပတ်ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ ယွန်ဆက်ယိုလ်သည် ယခုသီတင်းပတ်အတွင်း လစ်သူယေးနီးယားနိုင်ငံတွင် ကျင်းပသော နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့သလို ပိုလန်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသို့ ထပ်မံသွားရောက်မည့် အလည်အပတ်ခရီးစဉ် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့အပြင် အဆိုပါခရီးစဉ်များအတွင်း ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း ယွန်ဆက်ယိုလ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ တောင်ကိုရီးယားသည် အမေရိကန်နိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် လက်နက်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် အဆင့်(၉)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် ယူကရိန်းသို့ စစ်ရေးအကူအညီများ ပေးအပ်မည်မဟုတ်ကြောင်း ပြီးခဲ့သည့်နှစ်က ပြောခဲ့ဖူးသော်လည်း ယခုနှစ်တွင် ကြီးမားသော စစ်ဘက်ဆိုင်ရာအကူအညီများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ယွန်ဆက်ယိုလ်က ပြောခဲ့သည်။ သို့သော်လည်း ယွန်ဆက်ယိုလ်သည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာသန်း(၁၅ဝ)တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ယူကရိန်းသို့ ပေးပို့ရန် စီစဉ်နေကြောင်း ယွန်ဆက်ယိုလ်က ထပ်မံပြောဆိုခဲ့သည်။
ထို့အပြင် အခြေခံအဆောက်အဦးတည်ဆောက်ခြင်းကဲ့သို့သော စီမံကိန်းများတွင်လည်း ယူကရိန်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ ယွန်ဆက်ယိုလ်က "ယူကရိန်းပြည်သူတွေ ဘေးကင်း လုံခြုံတဲ့ဘဝရဖို့အတွက် အရေးကြီးတဲ့အရာအားလုံးကို ကျွန်တော်တို့ဆွေးနွေးနေပါတယ်" ဟု ပြောဆိုခဲ့သည်။ ယူကရိန်းကို အကူအညီများပေးအပ်မည့် တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်၏ အစီအစဉ်အတွက်လည်း ကျေးဇူးတင်မိကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂွေးချိုရွာမှ ဒေသခံ(၅)ဦးနှင့် ကားတစ်စီးကို PDF မှ ဖမ်းဆီးသွားပြီးနောက် ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေ၍ မိသားစုဝင်များ စိုးရိမ်နေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ