ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး အပါအဝင် ကမ္ဘာ့ရေးရာကိစ္စများကို တွေ့ဆုံဆွေးနွေး
Pika (NSS) - ဇူလိုင် ၁၆
ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ် နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းတို့သည် ဇူလိုင်လ (၁၅) ရက်တွင် ဖူးခက်မြို့မှာ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ဖူးခက်မြို့တွင် ရုရှား၏ ကောင်စစ်ဝန်ရုံးဖွင့်ပွဲအခမ်းအနားကို ဥက္ကဋ္ဌ အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒွန်ပရာဝီနိုင်းက ပြောကြားခဲ့သည်။
၂ဝ၂၃ ခုနှစ် ဧပြီလ(၂၇)ရက်က (၈)ကြိမ်မြောက်ကျင်းပခဲ့သော ရုရှား-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်၏ရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုများထဲတွင် နှစ်နိုင်ငံကြားကုန်သွယ်မှုကို ကိုဗစ်(၁၉)ကပ်ရောဂါကာလမတိုင်မီ အခြေအနေများသို့ ပြန်လည်ရောက်ရှိအောင် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ထိုင်း၏ ရေထွက်ကုန်ပစ္စည်းများအပေါ် တားဆီးမှုများကို ဖယ်ရှားပေးခြင်း၊ သိပ္ပံပညာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုများ၊ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်းများ၊ ထိုင်း နှင့် Eurasian Economic Union (EAEU) တို့ကြား လွတ်လပ် သော ကုန်သွယ်မှုသဘောတူညီချက် (FTA) ဆိုင်ရာစေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ စတင်နိုင်ရန်အတွက် ထောက်ခံမှု များ လုပ်ဆောင်ပေးရန် ပြောဆိုခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့နှစ်ဦးလုံးသည် အာရှ-ပစိဖိတ်ဒေသ၊ ယူကရိန်း နှင့် မြန်မာနိုင်ငံအရေးတို့ကဲ့သို့သော ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ကိုဗစ်(၁၉)ကာလ နောက်ပိုင်း ပထမဆုံး အကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်သည် (၂ဝ၁၉)ခုနှစ် ဇူလိုင်လ(၃ဝ)ရက်နှင့် (၃၁)ရက်တို့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပသည့် (၅၂)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် လာရောက်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးမည်ဟု တောင်ကိုရီးယားသမ္မတကတိပြု
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ