Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယက လကမ္ဘာမစ်ရှင် လုပ်ဆောင်ရန်အတွက် အာကာသဒုံးပျံယာဉ်အောင်မြင်စွာလွှတ်တင်

Pika (NSS) - ဇူလိုင် ၁၅

အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) သည် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ရန်အတွက် နောက်ဆုံးကြိုးပမ်းမှုတစ်ခုအဖြစ် Chandrayaan-3 ဟု အမည်ပေးထားသည့် အာကာသဒုံးပျံယာဉ်ကို ဇူလိုင်လ (၁၄)ရက်၊ နေ့လည်(၂)နာရီ(၃၅)မိနစ်တွင် နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း Sriharikota ကျွန်းရှိ  Satish Dhawan အာကာသစခန်းမှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။


အိန္ဒိယသည် လကမ္ဘာကို စူးစမ်းလေ့လာနိုင်ရန် ယခင်က ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ဘဲနောက်သုံးနှစ်အကြာတွင် နောက်ထပ်တစ်ကြိမ် ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါမစ်ရှင်အောင်မြင်မည်ဆိုပါက အိန္ဒိယသည် အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ပြီးလျှင် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စတုတ္တမြောက်နိုင်ငံဖြစ်လာမည်ဖြစ်သည်။ အဆိုပါအာကာသဒုံးပျံယာဉ်သည် ဩဂုတ်လ(၂၃)ရက် သို့မဟုတ် (၂၄)ရက်တို့တွင် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်မည်ဟု မျှော်လင့်ထားကြကြောင်းလည်းသိရသည်။

ISRO ဥက္ကဋ္ဌ Sreedhara Panicker Somanath က"Chandrayaan-3 လို့အမည်ပေးထားတဲ့ အာကာသဒုံးပျံယာဉ်ကို လွှတ်တင်မှုက စတင်လိုက်ပါပြီ"ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်း၏ပြောဆိုမှုများကို လူပေါင်း(၁ ဒသမ ၄)သန်းက အွန်လိုင်းတွင်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။ အဆိုပါမစ်ရှင်သည် အိန္ဒိယနိုင်ငံအတွက် မျှော်လင့်ချက်များနှင့် အိမ်မက်များကို အကောင်အထည်ဖော်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။

Chandrayaan-3 ကို လွှတ်တင်ပြီးနောက် (၁၆)မိနစ်အကြာတွင် ISRO မစ်ရှင်ထိန်းချုပ်မှုဌာနက အာကာသဒုံးပျံယာဉ်သည် လာမည့်လတွင် လကမ္ဘာပေါ်သို့ဆင်းသက်နိုင်မည့် ကမ္ဘာ့ပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။ အာကာသဒုံးပျံယာဉ်သည် လကမ္ဘာ၏ တောင်ဖက်ဝင်ရိုးစွန်းဒေသသို့ ဆင်းသက်နိုင်မည်ဟု မျှော်လင့်ထားကြကြောင်းသိရသည်။ လကမ္ဘာ၏ တောင်ဖက်ဝင်ရိုးစွန်းနေရာကို စူးစမ်းလေ့လာမှုများမလုပ်ရသေးသည့် ဧရိယာတစ်ခုအဖြစ် ပြောဆိုထားကြပြီး အာကာသအေဂျင်စီများနှင့် ပုဂ္ဂလိကကုမ္ပဏီများက ရေခဲများရှိနိုင်သည်ဟု ခန့်မှန်းထားကြကြောင်းသိရသည်။ 

အိန္ဒိယ၏သိပ္ပံနှင့်နည်းပညာဆိုင်ရာ လက်ထောက်ဝန်ကြီး Jitendra Singh က "အိန္ဒိယနိုင်ငံဟာ လာမယ့်(၂၅)နှစ်အတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍကနေ ဦးဆောင်ပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟုပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားတွင် ရေကြီးမှုများကြောင့် အနည်းဆုံး(၇)ဦးသေဆုံးပြီး လူ(၁၅၀၀)ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရဟုဆို

RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved