Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မည့်အစီအစဉ်ကို အားပေးထောက်ခံကြောင်း အမေရိကန်သမ္မတ ထုတ်ဖော်ပြောဆို

pika (NP News) - ဇန်နဝါရီ ၁၅

အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်မည့် အစီအစဉ်ကို အခိုင်အမာထောက်ခံကြောင်း ဂျပန်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုကိုလည်း ချီးကျူးခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ဇန်နဝါရီလ(၁၃)ရက်တွင် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနှင့်တွေ့ဆုံဆွေးနေချိန်အတွင်း ယင်းကဲ့သို့ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားတို့၏ ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာချိန်တွင် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် G7 အဖွဲ့ဝင်နိုင်ငံများသို့ အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး အမေရိကန်သို့ရောက်ရှိချိန်တွင် နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်းလျက်ရှိကြောင်းလည်းသိရသည်။ အဆိုပါတွေ့ဆုံမှုသည် အမေရိကန်နှင့် ဂျပန်နိုင်ငံကြား ထူးခြားသော အခိုက်အတန့်တစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောဆိုခဲ့သည်။

ဂျိုးဘိုင်ဒန်က"နှစ်နိုင်ငံလုံးက တစ်ခါမှ ခုလောက်ထိ မနီးစပ်ခဲ့ဖူးပါဘူး၊၊ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် အမေရိကန်ဟာ မဟာမိတ်ဂျပန်နိုင်ငံရဲ့ ကာကွယ်‌ရေးမြှင့်တင်မှုတွေနဲ့ပတ်သက်ပြီး အခိုင်အမာထောက်ခံပါတယ်။ ကျွန်တော်တို့ရဲ့ စစ်တပ်တွေကို ပိုမိုခေတ်မီလာအောင်လုပ်ဆောင်နေပါတယ်။ ဂျပန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုနဲ့ လုံခြုံရေးမဟာဗျူဟာသစ်တွေ တည်ဆောက်မှုကိုလည်း ပိုမိုခေတ်မှီအောင်လုပ်ဆောင်နေပါတယ်။"ဟုပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံ၏ ဒေသတွင်းလုံခြုံရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ လုပ်ဆောင်မှုများကို အလွန်ကျေးဇူးတင်မိကြောင်း ကီရှီဒါက ဂျိုးဘိုင်ဒန်ကိုပြောကြားခဲ့သည်။ ကီရှီဒါက"လက်ရှိအချိန်မှာ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ အခက်အခဲဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်ကို ရင်ဆိုင်နေရပါတယ်၊၊ နှစ်နိုင်ငံလုံးက ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးတို့ရဲ့တန်ဖိုးတွေကို အပြန်အလှန်မျှဝေကြပြီး ကျွန်တော်တို့လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍကလည်း တဖြည်းဖြည်းပိုမိုကြီးမားလာပါတယ်"ဟုပြောဆိုခဲ့သည်။

အမေရိကန်နှင့်ဂျပန်နိုင်ငံတို့သည် ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ်ဒေသအပါအဝင် ရာသီဥတုပြောင်းလဲမှုများနှင့်ပတ်သက်သော ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်နိုင်ရန် မျှော်လင့်ကြောင်း ကီရှီဒါကပြောကြားခဲ့သည်။


zawgyi version

ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္မည့္အစီအစဥ္ကို အားေပးေထာက္ခံေၾကာင္း အေမရိကန္သမၼတ ထုတ္ေဖာ္ေျပာဆို

pika (NP News) - ဇန္နဝါရီ ၁၅

အေမရိကန္ႏိုင္ငံသည္ ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးအသုံးစရိတ္ျမႇင့္တင္မည့္ အစီအစဥ္ကို အခိုင္အမာေထာက္ခံေၾကာင္း ဂ်ပန္ႏိုင္ငံ၏ စစ္ေရးတည္ေဆာက္မႈကိုလည္း ခ်ီးက်ဴးခဲ့ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ဇန္နဝါရီလ(၁၃)ရက္တြင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကီရွီဒါႏွင့္ေတြ႕ဆုံေဆြးေနခ်ိန္အတြင္း ယင္းကဲ့သို႔ေျပာဆိုသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံ၊ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ ႐ုရွားတို႔၏ ၿခိမ္းေျခာက္မႈမ်ား ပိုမိုျမင့္တက္လာခ်ိန္တြင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကီရွီဒါသည္ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားသို႔ အလည္အပတ္ခရီးသြားေရာက္ခဲ့ၿပီး အေမရိကန္သို႔ေရာက္ရွိခ်ိန္တြင္ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးပိုမိုေကာင္းမြန္ေအာင္ ႀကိဳးပမ္းလ်က္ရွိေၾကာင္းလည္းသိရသည္။

အဆိုပါေတြ႕ဆုံမႈသည္ အေမရိကန္ႏွင့္ ဂ်ပန္ႏိုင္ငံၾကား ထူးျခားေသာ အခိုက္အတန႔္တစ္ခုျဖစ္ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကေျပာဆိုခဲ့သည္။ ဂ်ိဳးဘိုင္ဒန္က"ႏွစ္ႏိုင္ငံလုံးက တစ္ခါမွ ခုေလာက္ထိ မနီးစပ္ခဲ့ဖူးပါဘူး၊၊ ရွင္းရွင္းလင္းလင္းေျပာရမယ္ဆိုရင္ အေမရိကန္ဟာ မဟာမိတ္ဂ်ပန္ႏိုင္ငံရဲ႕ ကာကြယ္‌ေရးျမႇင့္တင္မႈေတြနဲ႔ပတ္သက္ၿပီး အခိုင္အမာေထာက္ခံပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ စစ္တပ္ေတြကို ပိုမိုေခတ္မီလာေအာင္လုပ္ေဆာင္ေနပါတယ္။ ဂ်ပန္ႏိုင္ငံဟာ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္မႈနဲ႔ လုံၿခဳံေရးမဟာဗ်ဴဟာသစ္ေတြ တည္ေဆာက္မႈကိုလည္း ပိုမိုေခတ္မွီေအာင္လုပ္ေဆာင္ေနပါတယ္။"ဟုေျပာဆိုခဲ့သည္။

ဂ်ပန္ႏိုင္ငံ၏ ေဒသတြင္းလုံၿခဳံေရးႏွင့္ပတ္သက္ၿပီး အေမရိကန္၏ လုပ္ေဆာင္မႈမ်ားကို အလြန္ေက်းဇူးတင္မိေၾကာင္း ကီရွီဒါက ဂ်ိဳးဘိုင္ဒန္ကိုေျပာၾကားခဲ့သည္။ ကီရွီဒါက"လက္ရွိအခ်ိန္မွာ ဂ်ပန္ႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာ အခက္အခဲဆုံးနဲ႔ အရႈပ္ေထြးဆုံး လုံၿခဳံေရးပတ္ဝန္းက်င္ကို ရင္ဆိုင္ေနရပါတယ္၊၊ ႏွစ္ႏိုင္ငံလုံးက ဒီမိုကေရစီနဲ႔ တရားဥပေဒစိုးမိုးေရးတို႔ရဲ႕တန္ဖိုးေတြကို အျပန္အလွန္မွ်ေဝၾကၿပီး ကြၽန္ေတာ္တို႔လုပ္ေဆာင္ေနတဲ့ အခန္းက႑ကလည္း တျဖည္းျဖည္းပိုမိုႀကီးမားလာပါတယ္"ဟုေျပာဆိုခဲ့သည္။ အေမရိကန္ႏွင့္ဂ်ပန္ႏိုင္ငံတို႔သည္ ပြင့္လင္းျမင္သာေသာ အင္ဒို-ပစိဖိတ္ေဒသအပါအဝင္ ရာသီဥတုေျပာင္းလဲမႈမ်ားႏွင့္ပတ္သက္ေသာ ကိစၥရပ္မ်ားအေပၚ အျမင္ခ်င္းဖလွယ္ႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း ကီရွီဒါကေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သာကေတမြို့နယ်ရှိ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved