Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)ခုကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် (၂)လထပ်မံတိုးမြှင့်ကာ နစက သတ်မှတ်

ယွန်း (NSS) - ဇူလိုင် ၁၅

ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ဒုတိယအကြိမ်ထပ်မံကြေညာလိုက်ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ(၁၄)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)မြို့နယ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် မေလ(၁၅)ရက်တွင် နစကမှ ကြေညာခဲ့သည်။


အဆိုပါ မြို့နယ်(၁၇)ခုတွင် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့ပါဝင်ကြောင်း ကြေညာချက်အရ သိရသည်။

လက်ရှိတွင် အထက်ပါမြို့နယ်များအား ပုံမှန်အနေအထားသို့ အပြည့်အဝပြန်လည်ရောက်ရှိလာစေရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေ ပုဒ်မ ၂၆ အရ ယနေ့(ဇူလိုင်လ ၁၅ ရက်)မှ စက် တင်ဘာလ(၁၄)ရက်အထိ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ဒုတိယအကြိမ် ကြေညာလိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ထပ်မံကြေညာလိုက်သည့် (၂)လတာကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်လည်း နစကဥက္ကဋ္ဌက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ(၁၇)မြို့နယ်ရှိ အချို့ဒေသများ၌ ပြန်လည်ပြုပြင်နေဆဲဖြစ်သည့် စာသင်ကျောင်းများ အပါအဝင် အသစ်ပြန်လည်တည်ဆောက်နေရသည့် စာသင်ကျောင်းများလည်း ရှိနေကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“(၁၇)မြို့နယ်လုံးကိုတော့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသအဖြစ်ကြေညာခဲ့တယ်။ အခုထပ်ပြီးတော့ တိုးဖို့လိုတဲ့အခါမှာလည်း ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးကိုတိုးတာပေါ့။ ဥပဒေမှာတော့ တစ်ကြိမ်တိုးရင် (၂)လစီ တိုးလို့ရတဲ့ သဘောရှိပါတယ်။ အဲဒီလိုသဘောကြောင့် တိုးတာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ အထူးသဖြင့် ပညာရေးပိုင်းပေါ့ တချို့ကျောင်းတွေလည်း ပြီးသွားတာရှိတယ်၊ ဆောင်ရွက်ဆဲကျောင်းတွေ လည်းရှိတယ်၊ အသစ်ပြန်ဆောက်ရတဲ့ကျောင်းတွေလည်းရှိတယ်ပေါ့။ ဒါတွေကို ထပ်ပြီးတော့ ပြည့်စုံအောင်လုပ် ပေးမယ့်သဘောလို့ ထင်ပါတယ်။ နောက်(၂)လဆိုရင်တော့ အဲဒီကျောင်းတွေလည်း ပြီးသွားနိုင်မယ်လို့ မြင်ပါတယ်” ဟု ဦးလှသိန်းက NP News ကိုပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း၌ လက်ရှိအချိန်အထိ စားရေရိက္ခာမပြတ်ထောက်ပံ့ပေးနေရသည့် အိမ်ထောင်စုများလည်းရှိနေပြီး နိုင်ငံတော်မှ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် (၂)လထပ်မံသတ်မှတ်လိုက်ခြင်းသည် အဆိုပါအိမ်ထောင်စုများအတွက် အထောက်အပံ့များ ဆက်လက်ရရှိနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

“ကျွန်တော်တို့ရခိုင်ပြည်မှာ သဘာဝဘေးခံရတဲ့ဒေသတွေပေါ်မှာ မူတည်ပြီးတော့ Group (၃)ခု ခွဲထားတယ်။ (A)မှာဆိုရင် အထူးပံ့ပိုး ဖို့မလိုတဲ့သူတွေပေါ့ စားရေရိက္ခာလောက်ပဲ ထောက်ပံ့ရတယ် ကိုယ့်ဘာသာကိုယ်ပြန်ပြီး ထူထောင်နိုင်ကြတဲ့သူတွေ၊ (B)မှာကျတော့ ပြန်လည်ထူထောင်ဖို့ကို အထိုက်အလျောက်တော့နိုင်တယ် အကူအညီကို လိုတော့လိုတယ်ဆိုတဲ့သူမျိုးပေါ့၊ (C)ကကျတော့ အောက်ခြေ လူတန်းစားတွေပါ ထူထောင်ဖို့ခက်တဲ့သူ တွေပေါ့။ အဲဒီ့သုံးမျိုးမှာဆိုရင် (B)နဲ့(C) ကများတယ် မပြတ်ပံ့ပိုးပေးနေရတယ် အခုထိလည်း ပံ့ပိုးနေရတယ် အခုကနောက်ထပ် (၂)လတိုး လိုက်တဲ့အတွက် ခုနပြောတဲ့ အိမ်‌ထောင်စုတွေ စားရေရိက္ခာဆက်ပြီးတော့ အထောက်အပံ့ တွေရဦးမယ် နောက်ပြီး ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ဖြန့်ဝေမှုတွေလုပ်သွားမယ့်သဘောလို့ မြင်ပါတယ်”ဟု ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သုံးသပ်ပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

City Taxi များတွင် ဘေးစတေကာ ပုံစံသစ်မပြောင်းပါက ကန့်သတ်နေရာများဝင်ခွင့်မရှိဟုဆို

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved