Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ (၆၅)ရာခိုင်နှုန်းအစား (၅ဝ)ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၌ ကျပ်ငွေဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်

NSS - ဇူလိုင် ၁၄

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ (၆၅)ရာခိုင်နှုန်းအစား (၅ဝ)ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၌ မြန်မာကျပ်ငွေ ဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယမန်နေ့(ဇူလိုင် ၁၃ ရက်)တွင် အထက်ပါကဲ့သို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း၌ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရ ငွေပမာဏ၏ (၆၅)ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ရမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန် ကာ သတ်မှတ်ခဲ့သည်။


ထို့ကြောင့် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၆၅)ရာခိုင်နှုန်းအစား (၅ဝ) ရာခိုင်နှုန်းကိုသာ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင် သတ်မှတ်ကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။

၎င်းအမိန့်ကြော်ငြာစာသည် ဇူလိုင် ၁၃ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး ယင်းအမိန့်ကြော်ငြာစာကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း ဗဟိုဘဏ်က အသိပေး ထားသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကျန်ပို့ကုန်ရငွေပမာဏ၏ (၅၀)ရာခိုင်နှုန်းကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ယခင်က ပို့ကုန်ရငွေပမာဏ၏ (၆၅)ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှုန်းဖြင့် မြန်မာကျပ်ငွေ လဲလှယ်ရ သည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအား အခက်အခဲနှင့်အကျပ်အတည်းများဖြစ်ပေါ်စေခဲ့ကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုထားသည်။


“(၆၅) ရာခိုင်နှုန်းကနေ (၅ဝ) ရာခိုင်နှုန်းလျှော့ပေးလိုက်တော့ အကြမ်းဖျင်းအားဖြင့် (၁၅)ရာခိုင်နှုန်းဟာ ပိုပြီးတော့ market rate နဲ့ ပိုရလာမှာပေါ့။ market rate နဲ့ပိုရလာတော့ တချို့ပြည်တွင်းမှာ ထုတ်ရမယ့်အပိုင်းတွေမှာ ပိုပြီးတော့ သုံးလာနိုင်မယ်။ နောက်တစ်ချက်က ပြည်ပ ကနေတင်သွင်းတဲ့အပေါ်မှာ ပိုပြီးတော့ သွင်းလာနိုင်မယ်။ ဝယ်လိုအား နည်းနည်းပိုပြီးများသွားမှာပေါ့နော်။ ပြီးတော့ ပြည်တွင်းမှာ ကုန်ကျ စရိတ်တွေသက်သာအောင်လို့ တစ်နည်းတစ်လမ်းနဲ့ ဖြေလျှော့ပေးလိုက်တာလို့ ပြောရမှာပေါ့။ ဒေါ်လာဈေးအလွန်အမင်းမတက်အောင်လို့ လည်း ထိန်းတဲ့နည်းတစ်မျိုးလို့လည်း ပြောလို့ရပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက NP News ကို သုံးသပ်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် (၂၁ဝဝ) သတ်မှတ်ထားပြီး ပြင်ပဒေါ်လာဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် (၃ဝဝဝ)နှင့်အထက်တွင် ရှိကြောင်း သိရှိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လုံလောက်တဲ့မဲအရေအတွက် မရခဲ့ပေမယ့် ဝန်ကြီးချုပ်ဖြစ်ရေးမျှော်လင့်ချက်ကို စွန့်လွှတ်မှာမဟုတ်ကြောင်း ရှေ့သို့ချီပါတီခေါင်းဆောင်ပြော

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved