အသက်(၂၆) အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု မြင်းမူမြို့၌ ဖြစ်ပွား
စော (NSS) - ဇူလိုင် ၁၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌ အသက်(၂၆)အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၃ရက်)၊ မွန်းလွဲ (၂)နာရီခွဲဝန်းကျင်အချိန်တွင် မြင်းမူမြို့၊ အသောကရပ် ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
“မိသားစု personal ကြောင့်ပဲ သတ်သေတယ်လို့ ထင်ပါတယ်။ ဘယ်လိုပုံစံ နဲ့ ကြိုးဆွဲချတာလဲတော့ မသိလိုက်ဘူး”ဟု မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် ဦးညိုအောင်မြင့်(၂၆)နှစ်ဖြစ်ပြီး အသောကရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား မြင်းမူဆေးရုံမှ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းတွင်းမြစ်ရေသည် နောက်(၂)ရက်အတွင်း ခန္တီးမြို့ နှင့် ဟုမ္မလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဟု မိုးဇလသတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ