မူဆယ်မြို့နယ်တွင် HULIX VIGO ကားပေါ်မှ ငွေကျပ်သိန်း(၂၀၀၀)ကျော်တန်းဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် HULIX VIGO ကားပေါ်မှ ငွေကျပ်သိန်း(၂၀၀၀)ကျော်တန်းဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဘိန်းဆီခဲများကို ပြီးခဲ့သော(ဇူလိုင်လ ၁၁ ရက်)၊ နံနက် ၇ နာရီအချိန်တွင် မူဆယ်မြို့နယ်၊ ၁၀၅မိုင်(မိုင်းယုကျေးရွာ)၊ မူဆယ်-ကွတ်ခိုင်သွားကားလမ်း၊ အိုရီယစ်တယ်တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အဆိုပါတိုးဂိတ်၌ တရားခံ မော်ကျိန်ဖူ(ခ)အားဖူ မောင်းနင်လာသော HULIX VIGO ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်(၂၀၁၂ ဒသမ ၅သိန်း) တန်ဖိုးရှိ ဘိန်းဆီခဲ(၈၀ ဒသမ ၅ကီလို)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီအချိန်တွင် ထန်ဂွဲဟွ(ခ)အားဟွအား မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်တွင် HONDA FIT ကားနှင် လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ယမန်နေ့(ဇူလိုင်လ ၁၂ ရက်)၊ နံနက် ၈နာရီ ၁၅မိနစ်အချိန်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)ရှိ ကားဝပ်ရှော့တွင် ထန်ဂွဲဟ(ခ)အားဟွမှ ရှေ့ပြေးယာဉ်အဖြစ်အသုံးပြုသည့် TOYOTA CROWN ကားတစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးကို မူဆယ်မြို့နယ်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံထုတ် MG အမှတ်တံဆိပ် လျှပ်စစ်ကား (၅ဝ)ကျော် ပြည်တွင်းသို့ရောက်ရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း