"lese-majeste law" ကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရှေ့သို့ချီပါတီနဲ့ ပါတီခေါင်းဆောင်ပီတ ကို စုံစမ်းစစ်ဆေးမယ်လို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပေဒခုံရုံး ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၃
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့အနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတ လင်ဂျာရိုအမ်ရက် နဲ့ ရှေ့သို့ချီပါတီအပေါ်စွဲဆိုထားတဲ့စွဲချက်ကို ဆုံးဖြတ်ဖို့ လက်ခံခဲ့ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်အတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာ မျိုးမရအောင် အကာအကွယ်ပေးထားတဲ့ဥပဒေဖြစ်တဲ့ "lese-majeste law" (သို့မဟုတ်) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲဖို့ မဲဆွယ်စည်းရုံးခဲ့တယ်လို့ ရှေ့နေဖြစ်သူ Teerayut Suwankesorn ဆိုသူက စွပ်စွဲတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပီတလင်ဂျာရိုအမ်ရက်ဟာ ရွေးကောက်ပွဲစည်းကမ်းများကို ချိုးဖောက်တဲ့အတွက် အရည်အချင်းပျက်ယွင်းသူ ဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ထိုင်းဖွဲ့စည်းပုံအခြေခံခုံရုံး က ပီတ လင်ဂျာရိုအမ်ရက် နဲ့ ရှေ့သို့ချီပါတီအပေါ် စွဲဆိုထားတဲ့စွဲချက်တွေကို ဆုံးဖြတ်ဖို့ ထပ်မံလက်ခံလိုက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ ဇူလိုင် ၁၂ ရက်က ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ မီဒီယာလုပ်ငန်းများ ရှယ်ယာများ ပိုင်ဆိုင်မှုကြောင့် ရွေးကောက်ပွဲကော်မရှင်စည်းကမ်းကို ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ပြီး၊ အဲဒီအမှုကို ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးထံ ထပ်မံလွှဲပြောင်းပေးထားကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီနဲ့ ပါတီခေါင်းဆောင် လင်ဂျာရိုအမ်ရက်တို့ဟာ ၎င်းတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်များနဲ့ပတ်သက်ပြီး လာမယ့် ၁၅ ရက်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးထံ တုံ့ပြန်သွားရမှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းလွှတ်တော်မှာ ဇူလိုင် ၁၃ ရက်မှာ ဝန်ကြီးချုပ်အသစ် စတင်ရွေးချယ်ဖို့ စီစဉ်ထားရာ ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမတိုင်ခင် ရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ ပီတကို ထိုင်းရဲတပ်ဖွဲ့ ဟာ လက်ရှိအချိန်မှာ လုံခြုံရေးကိုတင်းကြပ်ထားပြီး လွှတ်တော်အဆောက်အဦးကို သွားတဲ့လမ်းတွေကို ပိတ်ထား ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီ အားပေးထောက်ခံ့သူများက ပီတကို ဝန်ကြီးချုပ်အသစ်ဖြစ်လာစေဖို့ တားဆီးခံရမယ်ဆိုရင် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတိပေးပြောဆိုထားပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်မှုကို လွှတ်တော်အတွင်း ဇူလိုင် ၁၃ ရက်မှာ စတင်ဖို့ စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာတော့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ မရေမရာဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းများအား ရွေးချယ်တင်ဆက်ခြင်း
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ