ငြိမ်းချမ်းရေးညီလာခံကျင်းပရန် နစက၏ NSPNC နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS တို့ ဆွေးနွေး
NSS - ဇူလိုင် ၁၂
ငြိမ်းချမ်းရေးညီလာခံကျင်းပရန် နစက၏ NSPNC နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RCSS တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယမန်နေ့(ဇူလိုင်လ ၁၁ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
၎င်းဆွေးနွေးပွဲသို့ NSPNC မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များက တက်ရောက်ခဲ့ပြီး RCSS ဘက်မှ အတွင်းရေးမှူး(၁)စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်တို့က တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသောအချက်များ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာကူညီပံ့ပိုးရေးကိစ္စရပ်များကိုလည်း နှစ်ဖက်အကြား၌ အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းလည်း နစကမှ ဆိုထားသည်။
အလားတူ ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO (၅)ဖွဲ့တို့သည်လည်း နေပြည်တော်၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO (၅)ဖွဲ့ဖြစ်သော KNU/KNLA-PC၊ DKBA၊ LDU၊ ALP၊ PNLO တို့သည် ငြိမ်းချမ်းရေးညီလာခံကျင်းပရန်အပါအဝင် သဘောတူညီချက်အချို့ကို နှစ်ဖက်အကြား၌ ရရှိထားကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် နစက၏ NSPNC တို့သည် နေပြည်တော်၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒဂုံမြို့သစ်မြို့နယ်(၃)ခုရှိ ရပ်ကွက်အချို့နှင့် စက်မှုဇုန်တို့၌ မနက်ဖြန် လျှပ်စစ်ဓာတ်အားယာယီ ပြတ်တောက်မည်ဟု YESC အသိပေး
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ