လွိုင်ကော်မြို့၌ စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့်အခုတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိ
စော (NSS)- ဇူလိုင် ၁ဝ
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စကားများ ရန်ဖြစ်ရာမှ ဓားဖြင့်အခုတ်ခံရ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁ဝ ရက်)၊ မွန်းလွဲ (၁၂)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ် ကွက်၊ နောင်ယားဈေးအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်း (ကယား) ထံမှ သိရသည်။
“မိသားစုအချင်းချင်းစကားများကြတာပါ။ အခုတ်ခံရတဲ့လူက မူးပြီးတော့စကားများလို့ ယောက်ဖဖြစ်တဲ့လူကခုတ်တာပါ။ မိသားစုအချင်းချင်းမို့ ခုတ်တဲ့လူကိုတော့ ဘာမှမလုပ်ပါဘူး”ဟု ရွှေလွိုင်ကော်ပရဟိတအသင်း (ကယား)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်အခုတ်ခံရခြင်းကြောင့် ၎င်း၏နောက်စေ့နှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
အဆိုပါအမျိုးသားသည် ဦးဇော်လင်းထွန်း (၃၁)နှစ်ဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ဖွယ်အခြေအနေမရှိသဖြင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ