အမေရိကန်ရဲ့နည်းပညာသုံးပစ္စည်းများ တရုတ်နိုင်ငံကိုတင်ပို့ခြင်းနဲ့ပတ်သက်ပြီး ကန့်သတ်ချက်များ ဖြေလျော့ပေးဖို့ ကတိမပေးခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁ဝ
တရုတ်အစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း အမေရိကန်ရဲ့နည်းပညာသုံးပစ္စည်းများ တရုတ်နိုင်ငံ ကို တင်ပို့ခြင်းနဲ့ပတ်သက်ပြီး ကန့်သတ်ထားတဲ့စည်းကမ်းများ ဖြေလျော့ပေးဖို့ ကတိမပေးခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယဲလ်လင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟာ တရုတ်နဲ့ အမေရိကန်နိုင်ငံကြားဆက်ဆံရေး ပြန်လည်ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြောင်း သိရပါတယ်။
၎င်းက "တစ်ကြိမ်သွားရောက်ရုံနဲ့ နှစ်နိုင်ငံကြားမှာရှိနေတဲ့ စိန်ခေါ်မှုတွေကို ချက်ချင်းကြီး ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ကျွန်မရဲ့ဒီခရီးစဉ်မှာ တရုတ်နိုင်ငံရဲ့စီးပွားရေးအဖွဲ့သစ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်း တည်ထောင်နိုင် ဖို့ ရည်ရွယ်ခဲ့တာပါ" လို့ ပြောပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟာ တရုတ်ဝန်ကြီးချုပ် အပါအဝင် တရုတ်အစိုးရအဖွဲ့တာဝန်ရှိသူများနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ ထိုင်ဝမ်အရေးကိစ္စအပြင် တရုတ်မိုးပျံပူဖောင်းများ အမေရိကန်ပိုင်နက်အတွင်း ဝင်ရောက်ခဲ့မှု၊ တရုတ်နိုင်ငံရဲ့ semiconductor လုပ်ငန်းကို ပိတ်ဆို့မှု၊ နည်းပညာပိုင်း ဆိုင်ရာပစ္စည်းများကို ပုံစံတူလုပ်ဆောင်မှုများနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ တင်းမာမှုဖြစ်ရမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်ရေးကန့်သတ်ချက်များကြောင့် နှစ်နိုင်ငံကြား မရည်ရွယ်တဲ့အကျိုးဆက်များ ဖြစ်လာနိုင်တဲ့အခြေအနေတွေကို တရုတ်အစိုးရတာဝန်ရှိသူများက ပြောဆိုခဲ့ပေမယ့် ကန့်သတ်မှုများကို ဖြေလျော့ ပေးဖို့ ကတိပေးခြင်းမျိုးမရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ မကြာသေးမီက တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီးနောက် သီတင်းပတ်သုံးပတ်အကြာမှာ ဘဏ္ဍာရေးဝန်ကြီး ယဲလ်လင် တရုတ်နိုင်ငံကို ထပ်မံ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်သံတမန်တွေက ၎င်းတို့ခရီးစဉ်က နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမို ကောင်းမွန်စေဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဦးရာဇ်တော်ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ချောင်းအတွင်းသို့ ပြုတ်ကျ၍ ပျောက်ဆုံးနေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ