ရန်ကုန် - မန္တလေးလမ်းဟောင်း၌ စိတ်မနှံ့သူဟုယူဆရသော အမျိုးသားတစ်ဦး ကားတိုက်ခံရ၍သေဆုံး
သန့်ဇင် (NSS) - ဇူလိုင် ၁ဝ
မန္တလေးတိုင်း၊ ဇေယာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် စိတ်မနှံ့သူဟုယူဆရသော အမျိုး သားတစ်ဦး ကားဖြင့်တိုက်မိ၍ သေဆုံးသွားခဲ့ကြောင်း နေပြည်တော်ဂရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၉ရက်) ည ၈ နာရီခွဲအချိန်ခန့်တွင် ဇေယာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ စိမ်းစားပင်ကွေ့ သာယာစုကျေးရွာလမ်းထိပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားတိုက်ခံရတဲ့သူက စိတ်မနှံ့တာဗျ။ ပြီးတော့ဘယ်ကားတိုက်လို့တိုက်သွားမှန်းလဲမသိဘူး။ အသက်ခန့်မှန်းချေကတော့ (၃၅)နှစ် ဝန်းကျင်ရှိမယ်ဗျ” ဟု နေပြည်တော် ဂရုဏာရှင်လူမှုကူညီရေးပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါကားတိုက်ခံရမှုကြောင့် စိတ်မနှံ့သူအမျိုးသားတွင် ဦးခေါင်းတစ်ခြမ်းပွင့်ထွက်ကာ ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာများဖြင့်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါယာဉ်တိုက်မှုကြောင့် သေဆုံးသူအား ဂရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှကားဖြင့် နေပြည်တော်ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြွေပွေးနှင့် မြွေဟောက်အကောင်(၂၀၀၀)နီးပါးကို ဝယ်ယူလိုကြောင်း နစကဝန်ကြီးဌာနဖိတ်ခေါ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ