Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြုပြင်နေဆဲ ကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် (၃)ကြိမ်မြောက် ထပ်မံဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ သားအမိ(၂) ဦး ထိခိုက်

NSS - ဇူလိုင် ၉

မွန်ပြည်နယ်အတွင်း၌ ပြုပြင်နေဆဲ ကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် (၃)ကြိမ်မြောက် ထပ်မံဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ သားအမိ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(ဇူလိုင်လ ၉ ရက်) နံနက် ၁ဝ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်တွင်ရှိသော ကျုံအိတ်တံတားကို ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် Drop ဗုံး (၁ဝ)လုံးနီးပါး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားကို Drop ဗုံး (၅)လုံးချတယ်။ ဒရုန်းတပ်တွေ ချထားတော့ အနီးပတ်ဝန်းကျင် ပေ ၂ဝ၊ ၃ဝ လောက်ကိုပဲ ကျတာပေါ့လေ။ ပထမတစ်ခါ (၅)လုံးပစ်ချတယ်။ လုံခြုံရေးအဖွဲ့တွေကလည်း ပြန်ပစ်တာ ရှိတာပေါ့လေ။ နောက်တစ်ခါ ထပ်ပြီးတော့ ဗုံး(၄)လုံး ပစ်ချတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကို အတည်ပြုပြောဆိုထားသည်။

ထိုသို့ KNLA၊ PDF ပူးပေါင်းအဖွဲ့က Drop ဗုံးပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကျုံအိတ်တံတားဆောက်လုပ်ရေးလုပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လမ်းသွားလမ်းလာ သားအမိ(၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ကျုံအိတ်တံတားအနီး၌ Drop ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဘေးတွဲဆိုင်ကယ်ဖြင့် မောင်းနှင်လာသော သထုံမြို့ နယ်အတွင်း၌နေထိုင်သူ ကိုနေထွန်းအောင်နှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်ပန်းဝါတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။

“KNU နဲ့ PDF ပေါင်းပြီးတော့ လုပ်ကွက်ဖော်နေတာပေါ့။ နိုင်ငံရေးတိုက်ခိုက်တာပေါ့။ အဓိက ထိတာတော့ ပြည်သူလူထုပဲ ထိတာပဲ။ လူအများစု သွားတဲ့လမ်းကို ဆောင်ရွက်ခြင်းအားဖြင့် ရပ်တန့်သွားမယ်။ ပိတ်ဆို့သွားမယ်။ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးသွားမယ်။ ဒီလိုဖြစ်ရင် ပြည်သူလူထုပဲ ထိခိုက်တာလေ။ တကယ်ထိခိုက်တာတော့ ပြည်သူလူထုပါပဲ။ ဒါကတော့ မလုပ်သင့်တဲ့ အရာပဲလေ” ဟု အထက်ပါတာဝန်ရှိသူက သုံးသပ်ပြောဆိုထားသည်။

၎င်းကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော ဇွန်လ ၂၉ ရက် နံနက်အစောပိုင်းတွင် မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် တံတားအား လာရောက်စစ်ဆေးသည့် တာဝန်ရှိသူများကိုလည်း Drop ဗုံးဖြင့် ပစ်ချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးခဲ့သော ကျုံအိတ်တံတားအား ဘေလီတံတားဖြင့် ယာယီအစားထိုးအသုံးပြုနိုင်ရေး ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ဇူလိုင် ၇ ရက်တွင်လည်း Drop ဗုံးများဖြင့် ပူးပေါင်းအဖွဲ့က ပစ်ချတိုက်ခိုက်မှုများ ဒုတိယအကြိမ် ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျုံအိတ်တံတားအား KNLA၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးမှုနှင့်အတူ Drop ဗုံးဖြင့် (၃)ကြိမ် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် လူ(၃)ဦးထက်မနည်းသေဆုံးခဲ့ပြီး (၃ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

၎င်းကျုံအိတ်တံတားသည် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် တည်ရှိပြီး လမ်းသွားလမ်းလာများနှင့် ကုန်တင်ယာဉ်များအတွက် အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

“တံတားကိုတော့ နှောင့်ယှက်ဖျက်ဆီးနေတာပေါ့။ ပြင်တာကလည်း သတ်မှတ်တဲ့အချိန်ဆို ပြီးရတော့မှာပေါ့။ ဒါပေမယ့် ချိန်ပြီးလုပ်နေရတော့ ဆောက်လုပ်ရေးအဖွဲ့ကလည်း လူတွေဆိုတော့ လန့်တာပေါ့လေ။  ဒါပေမယ့် လုံခြုံရေးပေးပြီးတော့ လုပ်နေပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြော သည်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်မှာ (၁ဝ)ရက်ခန့်ရှိပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အပြီးသတ် ပြင်ဆင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါမှာ ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း အနည်းဆုံး လူ(၁၁)ဦးသေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved