Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီလွန်မတ်၏ တွစ်တာကို ယှဉ်ပြိုင်ရန်အတွက် Threads အမည်ရှိအပ်ပ်ကို ဇူကာဘတ်၏ Meta ကုမ္ပဏီ ထုတ်လုပ်ဖြန့်ချိ

Pika (NSS) - ဇူလိုင် ၇

Meta ကုမ္ပဏီသည် အီလွန်မတ်ပိုင်ဆိုင်သော တွစ်တာအပ်ပ်ကို ယှဉ်ပြိုင်ရန်အတွက် Threads ဟုခေါ်သော အပ်ပ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

Threadsအပ်ပ်ကို Meta ကုမ္ပဏီပိုင် အပ်ပ်တစ်ခုဖြစ်သော အင်စတာဂရမ်၏ အခြေခံဗားရှင်းအဖြစ် သတ်မှတ်ထား ပြီး အချိန်နှင့်တစ်ပြေးညီ အပ်ပ်ဒိတ်များနှင့်အတူ အများသူငှာအသုံးပြုနိုင်သည့် အပ်ပ်တစ်ခုဖြစ်ကြောင်း Meta ကုမ္ပဏီက ပြောဆိုထားသည်။

အဆိုပါအပ်ပ်ကို Apple နှင့် Android အက်ပ်စတိုးများတွင် ဇူလိုင်လ(၅)ရက်က စတင်ပေးခဲ့ပြီး (၇)နာရီအတွင်း လူ(၁ဝ)သန်းခန့် အကောင့်ဖွင့်ခဲ့ကြကြောင်း Facebook ၏ စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ် က ပြောကြားခဲ့သည်။

Threads အပ်ပ်ကို အမေရိကန်၊ ဗြိတိန်၊ ဩစတေးလျ၊ ကနေဒါ နှင့် ဂျပန်တို့ အပါအဝင် နိုင်ငံပေါင်း(၁ဝဝ)ကျော် တွင် စတင်ပေးအပ်ခဲ့ပြီး စားဖိုမှူးဂေါ်ဒွန်ရမ်ဆေး၊ ပေါ့ပ်စတား ရှက်ကီရာ နှင့် သရုပ်ဆောင် ဂျက်ခ်ဘလက်တို့ အပြင် Airbnb၊Guinness World Records၊ Netflix၊Vogue magazine တို့နှင့် အခြားသောမီဒီယာများမှ နာမည်ကြီး များကို ဆွဲဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

Threads အပ်ပ်နှင့်ပတ်သက်ပြီး ဇူကာဘတ်က ၎င်းသည် အဆိုပါအပ်ပ်ကို အချင်းချင်းရင်းနှီးဖော်ရွေနိုင်သည့် နေရာ တစ်ခုအဖြစ် ပြုလုပ်ရန် အာရုံစိုက်ထားပြီး နောက်ဆုံးတွင် အောင်မြင်မှုသော့ချက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူကာဘတ် က "ဒါက တွစ်တာဟာ အောင်မြင်သင့်သလောက် မအောင်မြင်ရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ Threads အပ်ပ်နှင့်ပတ်သက်ပြီး ကွဲပြားတာတွေကိုပဲ လုပ်ချင်တာပါ" ဟု ပြောဆိုခဲ့ သည်။

Threads အပ်ပ်တွင် လိုက်ခ်ပေးခြင်း၊ ပို့စ်ပြန်တင်ခြင်း နှင့် စာပြန်ခြင်းတို့ ပြုလုပ်နိုင်ပြီး အသုံးပြုသူများသည် ပို့စ် တစ်ခုတွင် ရရှိသည့်လိုက်ခ်အရေအတွက် နှင့် ပြန်စာများကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Threads အပ်ပ်တွက် ပို့စ်များကို စာလုံးရေ(၅ဝဝ)အထိ သတ်မှတ်ပေးထားပြီး link များ၊ ဓါတ်ပုံများ နှင့် ဗီဒီယိုဖိုင်များကို ငါးမိနစ် ထိကြာအောင် ထည့်သွင်းနိုင်ကြောင်း သိရသည်။

Threads အပ်ပ်သည် ကျန်းမာရေး၊ ငွေကြေး၊ အဆက်အသွယ်များ၊ ရှာဖွေမှု နှင့် မှတ်တမ်းများ၊ တည်နေရာဒေတာ များ၊ ဝယ်ယူမှုများ အပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းနိုင်ကြောင်း သိရသည်။ သို့သော် လည်း တွစ်တာကုမ္ပဏီပိုင်ရှင်ဖြစ်သော အီလွန်မတ်က ဇူကာဘတ်၏ Threads အပ်ပ်နှင့်ပတ်သက်ပြီး ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

အီလွန်မတ်က Threads အပ်ပ်သည်  Copy and Paste features များအတွက် အသုံးပြုရန်ပြုလုပ်ထားသည်ဟု  တွစ်တာတွင် တင်ခဲ့ကြောင်း သိရသည်။ အီလွန်မတ်က "တွစ်တာမှာ တိုက်ခိုက်ဝေဖန်မှုတွေကို ခံရတာက အင်စတာဂရမ်ရဲ့ မှားယွင်းတဲ့ပျော်ရွှင်မှုတွေကို ခံစားရတာထက် ပိုကောင်းပါတယ်" ဟု ပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံလူရွှင်တော်အသင်းကို မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)အဖြစ် ပြောင်းလဲသတ်မှတ်

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved