ညောင်ရွှေမြို့နယ်တွင် TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ်သိန်း(၆၅ဝဝ)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ်သိန်း (၆၅ဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် ညောင်ရွှေမြို့နယ်၊ ညောင်ရွှေ-အေးသာယာသွားကားလမ်း၊ မွေးမြူရေးဇုန်အနီး၊ လမ်း(၄)လမ်းဆုံတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တောင်ကြီးမြို့၊ မြို့ရှောင်လမ်း(၅)လမ်းဆုံဘက်မှ ရွှေညောင်မြို့ဘက်သို့ မောင်သိန်းမောင်းနှင်လာသည့် TOYOTA HILUX REVO ကားကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေစဉ် အဆိုပါကားပေါ်မှ ကာလတန်ဖိုးငွေကျပ်သိန်း(၆၅ဝဝ)တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) (၂ဝ)ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၅)သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို နမ့်စန်မြို့နယ်မှ ကလောမြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ၎င်းအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထည့်သွင်းပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရာ၌ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ