ပိတ်ဆို့မှုများခံနေရသော်လည်း ရုရှားနိုင်ငံ၏ ပြည်ပကြွေးမြီးက နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားဟုဆို
Pika (NSS) - ဇူလိုင် ၂
ရုရှားနိုင်ငံ၏ ပြည်ပကြွေးမြီးသည် (၂ဝ၂၂)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁ဝဝ)ဘီလျံကျော်သာ ကျဆင်းသွားခဲ့ပြီး (၂ဝ၂၃)ခုနှစ် ပထမသုံးလအကုန်တွင် ဆက်လက်ကျဆင်းလျက်ရှိနေကြောင်း Bank of Russia (CBR) မှထုတ်ပြန်သော အချက်အလက်များအရသိရသည်။
ရုရှားနိုင်ငံ၏ ပြည်ပကြွေးမြီးသည် ယခုနှစ် ပထမသုံးလတွင် အမေရိကန်ဒေါ်လာ(၂၅ ဒသမ ၉)ဘီလျံ သို့မဟုတ် (၆ ဒသမ ၈)ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားခဲ့ရာ ရုရှားနိုင်ငံ၏ စုစုပေါင်းပြည်ပကြွေးမြီးသည် အမေရိကန်ဒေါ်လာ(၃၅၇ ဒသမ ၉)ဘီလျံထိသာ ကျန်ရှိတော့ကြောင်း CBR ၏ဖော်ပြချက်များအရသိရသည်။ BKF Bank ၏ ခွဲခြမ်းစိတ်ဖြာမှုဌာန အကြီးအကဲ Maxim Osadchy က"ရုရှားနိုင်ငံရဲ့ ပြည်ပကြွေးမြီးဟာ (၂ဝ၁၄)ခုနှစ် ဇူလိုင်လ(၁)ရက်မှာ အမေရိကန်ဒေါ်လာ(၇၃၂ ဒသမ ၈)ဘီလျံနဲ့ သမိုင်းဝင်အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူမှုတွေကြောင့် မတည်မငြိမ်ဖြစ်မှုတွေရှိခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ပြည်ပကြွေးမြီးကျဆင်းမှုသည် သိသိသာသာအရှိန်မြင့်လာခဲ့ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။ Maxim Osadchy က"ပိတ်ဆို့မှုများခံနေရပေမယ့် (၂ဝ၂၃)ခုနှစ် ပထမသုံးလပတ်မှာ ရုရှားနိုင်ငံရဲ့ ပြည်ပကြွေးမြီးများစွာ လျော့ကျသွားတဲ့အပေါ် ပြည်ပနိုင်ငံတွေက သံသယဖြစ်ဖွယ် ရှိနိုင်ပါတယ်"ဟု သုံးသပ်ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံ၏ ပြည်ပကြွေးမြီးမှာ ဆက်လက်ကျဆင်းနေသော်လည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်နေသော အမေရိကန်၏ပြည်ပကြွေးမြီးသည် အမေရိကန်ဒေါ်လာ(၃၂)ထရီလျံထိရှိနေပြီး ကမ္ဘာပေါ်တွင် ပြည်ပကြွေးမြီးအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားနိုင်ငံ၊ ဟွန်းစ်မြို့ကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်
RELATED POSTS
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း