Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှား ကြေးစားတပ်ဝဂ္ဂနာနဲ့ သူ့ရဲ့ဘော့စ် (ဘာသာပြန်ဆောင်းပါး)

မောင်တင်ထွန်း (နတ်မောက်)(NSS) - ဇူလိုင် ၁


 ခုတလော ရုရှား-ယူကရိန်း စစ်ပွဲသတင်းတွေ အကြားမှာ Yevgeny Prigozhin  ယက်ဗ်ဂျင်နီ ပရီဂိုဇင် (ရုရှား အသံထွက်- ယိဗ်ဂင်းနီး ပရိဂိုဇင်)  ဆိုသူနဲ့ သူ့ရဲ့တပ်ဖွဲ့ The Wagner Group ဝဂ္ဂနာအုပ်စု (ရုရှား အသံထွက် ဘဝဂ္ဂနာ) အုပ်စုအကြောင်းက ထိပ်တန်းသတင်းဖြစ်လာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ပရိဂိုဇင်ဆိုတာ ဘယ်သူလဲ၊ ဝဂ္ဂနာ အုပ်စုဆိုတာ ဘယ်လိုပေါ်လာသလဲ ဆိုတာဖော်ပြသွားပါ့မယ်။ 


တချို့ကသူ့ကိုဗလာဒီမာပူတင်ရဲ့စားဖိုမှူးလို့သိကြပြီး တချို့ကတော့ သူ့ကိုအာဖရိကက စစ်ဘုရင်တစ်ယောက် ဒါမှမဟုတ် ရုရှားရဲ့ သြဇာကြီးမားတဲ့ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်လို့ သိကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက၊ သူ့ရဲ့ ဘဝဇတ်ကြောင်းအမှန်ကဘာလဲ၊ ဘယ်လိုပုံနဲ့ သြဇာအာဏာ ကြီးမားလာတာလဲ၊ ဘာဖြစ်လို့ ရုရှားထိပ်တန်းစစ်ဘက်ကို ဆန့်ကျင်ရတာလဲ စတာတွေပါ။ 


ပရီဂိုဇင်က ဝဂ္ဂနာ အုပ်စုလို့ ခေါ်တဲ့ ကြေးစားတပ်ကို တည်ထောင်သူပါ။ ဝဂ္ဂနာရဲ့ တရားဝင်နာမည်က PMC Wagner - 'Wagner Private Military Company' ဝဂ္ဂနာ ပုဂ္ဂလိက စစ်ရေးကုမ္ပဏီဖြစ်ပြီး ရုရှားအစိုးရက ဘဏ္ဍာရေးအရ ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အရပ်သား အဖွဲ့အစည်းပါ။ ပုဂ္ဂလိက စစ်ရေးကုမ္ပဏီတွေကို တားမြစ် ပိတ်ပင်ထားတဲ့ရုရှားမှာ ဒီအဖွဲ့ဟာ ဥပဒေပြင်ပအဖွဲ့အစည်းပါ။  နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေမှာ ရုရှားအစိုးရ ပါဝင်ပတ်သက်မှုကို ယုတ္တိရှိရှိငြင်းဆိုနှိုင်ဖို့ ဝဂ္ဂနာကို ကြားခံအဖြစ် အသုံးချခဲ့တဲ့ ဖြစ်ရပ်တွေရှိပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံရပ်ခြား ကျူးကျော်စွက်ဖက်မှုတွေမှာ ရုရှားရဲ့ အစစ်အမှန် သေကြေဒဏ်ရာရ စာရင်းကို လည်း ဖုံးကွယ်နှိုင်စေဖို့ ဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေခံအဆောက်အအုံ 00တွေကို အသုံးပြုပြီး ရုရှားအစိုးရရဲ့  လျှို့ဝှက်ထောက်ပံ့မှုကို ရယူထားပါတယ်။  


ဒီအုပ်စုကို ၂ဝ၁၄ ခုနှစ်မှာ ယခင်က GRU (ဆိုဗီယက်ခေတ် နိုင်ငံရပ်ခြား စစ်ဖက်ဆိုင်ရာ ထောက် လှမ်းရေး) အရာရှိဟောင်းတယောက်ဖြစ်သူ ဒီမစ်ထရီ ယုကင် နဲ့ စီးပွားရေးလုပ်ငန်းရှင် ယိဗ်ဂျင်နီ ပရီဂိုဇင်တို့က တည်ထောင်ခဲ့ကြတာပါ။ ၂ဝ၁၄ နဲ့ ၂ဝ၁၅ ခုနှစ်အတွင်းမှာ ယူကရိန်းနိုင်ငံက ဒွန်းဘတ်စ် စစ်ပွဲအတွင်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ကူညီတိုက်ခိုက်ရင်း လူသိများထင်ရှားလာ ပါတယ်။ ဆီးရီးယား၊ လစ်ဗျား၊ ဗဟိုအာ ဖရိကန် သမတနိုင်ငံနဲ့ မာလီနိုင်ငံတို့က စစ်ပွဲတွေအပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခတွေမှာ ရုရှားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အစိုးရတွေဘက်က ပါဝင်တိုက်ခိုက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့တွေဟာ စစ်ဆင်ရေးတွေ အတွင်းမှာ အရပ်သားတွေအပေါ် လူသတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ ဒါးပြမှုစတဲ့ စစ်ရာဇဝတ်မှုတွေ ကျူး လွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။ 


ဝဂ္ဂနာတပ်ဖွဲ့ဟာ ယူကရိန်းကျူးကျော်ရေးစစ်ပွဲမှာ အ‌ရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်။ အဲဒီစစ်ပွဲမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ဖို့ ထောင်ကျနေတဲ့ အကျဉ်းသားတွေနဲ့ စုဖွဲ့ခဲ့ပြီး ၂ဝ၂၂ ခုနှစ်ကုန်မှာ အင်အား ၁ဝဝဝ ကနေ ၂ဝဝဝဝ နဲ့ ၅ဝဝဝဝ အကြားတိုးများလာခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်မှာတော့ ရုရှားအစိုးရက ယူကရိန်းစစ်ပွဲမှာ ပါဝင်တဲ့ ဝဂ္ဂနာ ကန်ထရိုက်တာတွေကို တိုက်ပွဲဝင် ဝါရင့်စစ်မှုထမ်းအဆင့် သတ်မှတ်ခဲ့ပါတယ်။


၂ဝ၂၂ ခုနှစ် စက်တင်္ဘာလမှာ ပရီဂိုဇင်က ဝဂ္ဂနာအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး၊ ယူကရိန်းစစ်ပွဲ အတွင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့  စီမံခန့်ခွဲမှုအလွဲအမှားတွေကို ဗြောင်စတင်ဝေဖန် လာပါတယ်။ ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဝဂ္ဂနာ တပ်သားတွေကို သေတွင်းပို့ခဲ့တယ်လို့  စွပ်စွဲပြီး လက်နက်ကိုင် ပုန်ကန်ခဲ့ပါတယ်။ ဝဂ္ဂနာတပ်ဖွဲ့တွေကို ယူကရိန်းကနေဆုတ်ခွာလာစေပြီး မော်စကို ကိုချီတက်တဲ့လမ်းကြောင်းပေါ်က Rostov-on-Don ရော့စ်တော့ဗ်-အွန်-ဒွန် မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ နောက်တစ်ရက်မှာ ဘယ်လာရုစ် သမ္မတ အလက်ဇန်ဒါ လူကာရှင်ကိုရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ သဘောတူညီမှုတရပ်ရရှိသွားပြီး တပ်တွင်းပုန်ကန်မှုလည်း ပြီးဆုံးသွားပါတယ်။ အဲဒီလို တပ်တွင်းပုန်ကန်မှု ပြီးဆုံးသွားတဲ့နောက်မှာ သမ္မတ ပူတင်က ဝဂ္ဂနာ တပ်ဖွဲ့ကို ရုရှား အစိုးရက ဘဏ္ဍာရေးအရ ထောက်ပံ့ထားကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။


ပရီဂိုဇင်ဆိုတာ ဘယ်သူလဲ

ဝဂ္ဂနာ တပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ဟာ ရုရှားသမ္မတ ပူတင်လိုဘဲ စိန့်ပီတာစဘာ့ဂ် မြို့ဇာတိပါ။ ပူတင်က ဆိုဗီယက်ထောက်လှမ်း‌ရေး KGB မှာတာဝန်ထမ်းဆောင်ခဲ့ပြီး ရုရှားသမ္မတ ဖြစ်လာခဲ့တဲ့ ကာလမှာ ပရီဂိုဇင်ကတော့ အသက် ၁၈ နှစ်သားလောက်ကစပြီး ဆယ်စုနှစ်တစ်ခုကြာတဲ အကျဉ်းထောင် သားဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ထောင်ကျရတဲ့ အကြောင်းကတော့ သူ့သူငယ်ချင်းတွေနဲ့အတူ ဒါးပြတိုက်ခဲ့တဲ့အမှုတွေ ကြောင့်ပါ။ ထောင် ကလွတ်လာတဲ့ အခါမှာတော့ ပရီဂိုဇင်ဟာ ရိုးရိုးသားသားနဲ့ဘဲ ဝက်အူချောင်းညှပ်ပေါင်မုန့် (hot dog) ရောင်းတဲ့ အလုပ်ကိုလုပ်ကိုင်စားသောက်ခဲ့ပါတယ်။ 


           ပူတင်ရဲ့ စားဖိုမှူးကြီး

၁၉၉ဝ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲတဲ့အခါမှာ စိန့်ပီတာစဘာ့ဂ် မြို့ဟာလည်း ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီနောက် စျေးကွက်စီးပွားရေးစနစ် စတင်ဖြစ်လာတဲ့ အချိန်မှာ သူကအမြန်အစားအစာ ရောင်းချတဲ့ လုပ်ငန်းထက်ပိုမြင့်တဲ့ လုပ်ငန်းကိုကူးပြောင်းပါတယ်။ ပထမပိုင်းမှာ သူက ဝိုင် ပုလင်းတွေ ရောင်းချခဲ့ပြီး နောက်ပိုင်းမှာ စားသောက်ဆိုင်တဆိုင်ဖွင့်ပါတယ်။   ပူတင်သမ္မတ ဖြစ်လာတဲ့ အချိန်လောက်မှာ ပရီဂိုဇင်က နာမည်ရ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်နေလေတော့ နိုင်ငံ တော်က ကျင်းပတဲ့ ညစာစားပွဲတွေကို ပြင်ဆင်ပေးရလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ပရီဂိုဇင်ကို ပူတင်ရဲ့ စားဖိုမှုးကြီးလို့ နာမည်ပြောင်နဲ့ခေါ်ခဲ့ကြတာပါ။ ပူတင်က ပရီဂိုဇင်ကို နေ့လည်စာ စက်ရုံ ကျောင်းတစ် ကျောင်းဖွင့်ရာမှာ အစိုးရချေးငွေ အမြောက်အများပေးပြီး ကူညီခဲ့ပါတယ်။ 


ကရိုင်းမီးယားစစ်ပွဲက စတဲ့ အာဏာလမ်းကြောင်း

၂ဝ၁၄ ခုနှစ်မတ်လမှာ ရုရှားက ကရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်တဲ့အခါ ပရီဂိုဇင်အတွက် အခွင့် အလမ်းသစ်တွေ ပေါ်ထွက်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပူတင်က ဒီကျူးကျော်သိမ်းပိုက်မှုမှာ ရုရှားရဲ့ တရားဝင်တပ်မတော်ကို အသုံးမပြုလိုပါ။ ဒါကြောင့် ဒီလို မရိုးသား ညစ်ပတ်တဲ့ လုပ်ရပ်ကို လုပ်ဖို့ ပုဂ္ဂလိက စစ်ရေး ကုမ္ပဏီတစ်ခုရှာဖွေဖို့ အကြောင်းဖန်လာပါတယ်။ အမှန်တော့ ဒီလို ပုဂ္ဂလိက စစ်ရေးကုမ္ပဏီဆိုတာ ရုရှားမှာ တရားမဝင်ပါဘူး။ အဲဒီအချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ အဖွဲ့ပေါင်းများစွာ ပေါ် လာပါတယ်။ ဒါပေမယ့် ပရီဂိုဇင်တို့ရဲ့ ဝဂ္ဂနာ အုပ်စုကသာ အရေးပါတဲ့ အုပ်စုဖြစ်လာပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ သူ့ရဲ့တပ်ဖွဲ့ကို ကျွေးမွေးထောက်ပံ့ဖို့ ကုမ္ပဏီက ဒေါ်လာ တစ်ဘီလျံတန်ကြေးရှိတဲ့ ကန်ထရိုက်တွေကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အာဏာပါဝါတွေရှိလာတဲ့ ပရီဂိုဇင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနက တချို့အရာရှိတွေအပေါ် သီးမခံနှိုင်တာ တွေစတင်ဖြစ်လာပါတယ်။ တခြားနိုင်ငံတွေကို သွားပြီး သူ့ရဲ့ စစ်ဆင်ရေးတွေချဲ့ထွင်ဆောင်ရွက်လာရတဲ့အခါ တင်းမာမှုတွေ ပိုမိုကျယ်ပြန့်လာပါတယ်။  ၂ဝ၁၈ ခုနှစ်အရောက် ပရီဂိုဇင်တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေက အာဖရိက တိုက်က အနည်းဆုံး ၁ဝ နိုင်ငံလောက်မှာ ပျံ့နှံ့ရောက်ရှိခဲ့ပါပြီ။ 


သူ့ကုမ္ပဏီရဲ့အလုပ်တာဝန်က လက်နက်ကိုင်လေ့ကျင့်ရေးသင်တန်းပေးတာ၊ သတ္တုတူးဖေါ်ခွင့် အာမခံလုံခြုံ ရေးပေးတာအပြင် တခြားစီးပွားရေး အခွင့်အလန်းတွေရရှိပါတယ်။ ပရီဂိုဇင်ဟာ ဒီလုပ်ငန်းတွေကို စိန့်ပီတာစဘာ့ ရုံးကနေဘဲထိုင်ပြီး ကွပ်ကဲတာပါ။ သူဟာ တရားဝင်အားဖြင့် ဘာရာထူးတာဝန်မှ မရှိပေမယ့် ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အဆင့်မြင့် အစည်းအဝေးတွေမှာ မကြာခဏတက်ရောက်ရသူပါ။ သူဟာ ပူတင်အတွက် နိုင်ငံရပ်ခြားမှာ ပါဝင်ပတ်သက်မှုမရှိပါဘူးလို့ ငြင်းဆိုရမဲ့ ကိစ္စရပ်တွေမှာ အသုံးချခံဖြစ်လာပါတယ်။ 


         ထောင်သားတွေနဲ့ စုဖွဲ့ထားတဲ့ ကြေးစားတပ်

၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ ပရီဂိုဇင်က သူဟာ ၂ဝ၁၄ ခုနှစ်ကတည်းက ဝဂ္ဂနာ အုပ်စုကိုတည်ထောင်ခဲ့တာ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အဲဒီဝန်ခံချက်က လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ပေါ်ထွက်လာပြီးတဲ့နောက်မှာပါ။ အဲဒီဗီဒီယိုမှာ သူက အကျဉ်းထောင်တစ်ခုအတွင်း စုရုံးနေတဲ့ ထောင်သားတွေကို သူကစကားပြောနေပါတယ်။   ယူကရိန်းကိုသွားရောက်ပြီး စစ်တိုက်ရမှာဖြစ်ကြောင်း၊ ကျဆုံးချင်လည်း ကျဆုံးသွားနှိုင်ကြောင်း။ တကယ်လို့ မသေခဲ့ရင် ၆ လတာဝန်ထမ်းပြီးတာနဲ့ လုံးဝ လွတ်ငြိမ်းခွင့်ရမဲ့အပြင် လစာကောင်းကောင်းရမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ 


     ပုန်ကန်ဖို့ မော်စကိုကိုချီတက်ကြ

ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီးတနှစ်လောက်ကြာလာတဲ့အခါ သူက ရုရှားကာကွယ်ရေး ဝန်ကြီးဌာနအပေါ် စိတ်ဆိုးဒေါသထွက်နေပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ အောင်မြင်မှု တွေကို ခိုးယူဖို့ ကြိုးစားနေကြောင်း၊ သူတို့ရဲ့ ခေါင်းဆောင်ပုံ မှားယွင်းကြောင်း ဗြောင်ပြောလာ ပါတော့တယ်။ အခုနောက်ဆုံးပြောတာက   သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်သူဟာ ရုရှားတပ်မတော် ဖြစ်ကြောင်း စွပ်စွဲတာပါ။ ဒီနောက်မှာတော့ ရုရှား တောင်ပိုင်းမှာရှိတဲ့ ရော့စတော့ဗ် အွန် ဒွန် မြို့ကို ချီတက်သွားကြပြီး မြို့ကိုသိမ်းလိုက်ကြပါတယ်။ သူက ရုရှား စစ်သားတွေက သတ်ဖြတ်ခဲ့တဲ့ သူ့တပ်သားတွေအတွက် လက်စားချေမယ်လို့ကြွေးကြော်ခဲ့ပါတယ်။ သူက ရုရှား စစ်တပ်ခေါင်းဆောင်မှုကို ဖြုတ်ချချင်တာပါ။ အင်အား ၂၅,ဝဝဝ ရှိတဲ့ သူ့တပ်ဖွဲ့ဟာ တရားမျှတမှုရရှိဖို့အတွက် မော်စကိုကိုချီတက်မယ်လို့ပြောခဲ့ပါတယ်။


တကယ်တော့ ပရီဂိုဇင်ရဲ့ ဝဂ္ဂနာ အုပ်စုဟာ ရုရှားတပ်မတော်နဲ့ သမ္မတပူတင်ကို ဗြောင်ပုန်ကန်လိုက်တာပါ။ ဒါကြောင့် ပူတင်က ဒါကို ပြင်းပြင်းထန်ထန်ရှုံ့ချလိုက်ပြီး ဒါဟာ နိုင်ငံတော်သစ္စာဖေါက်မှုလို့ ကြေငြာပါတယ်။  ပြင်းထန်စွာအရေးယူမယ်လို့လည်းပြောပါတယ်။ နောက်တရက်မှာ ဘယ်လာရုစ် သမတ အလက်ဇန်ဒါ လူကာရှင် ကိုရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ သဘောတူညီမှုတရပ်ရရှိသွားပြီး တပ်တွင်းပုန်ကန်မှုလည်း ပြီးဆုံးသွားပါတယ်။ ရုရှားအစိုးရအနေနဲ့ အစပိုင်းမှာ ဒီပုန်ကန်မှုအပေါ် အမှုဖွင့်ခဲ့ပေမယ့် ဇွန်လ ၂၇ ရက်မှာတော့ စွဲချက်တွေကို ရုတ် သိမ်းပေးခဲ့ပါတယ်။ ဒီပုန်ကန်မှုအတွင်းမှာ ရုရှားစစ်တပ်က ၁၃ ယောက်သေဆုံးခဲ့ပြီး ဝဂ္ဂနာတပ်ဖွဲ့ဘက်ကို ခိုလှုံသွားတဲ့ ရုရှားစစ်သားနှစ်ယောက်ကလည်း တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ ပါတယ်။ 


ခုနောက်ဆုံး (၂၉-၆-၂၃ ) ရက်သတင်းအရ ပရီဂိုဇင်ရဲ့ အာဏာသိမ်းဖို့ ပုန်ကန်မှုရဲ့ နောက်ကွယ်မှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဗိုလ်ချုပ်ကြီး အမ္မာဂဲဒွန် ( Armageddon- သက်ရှိသတ္တဝါအားလုံး ပျက်သုန်း စေနိုင်တဲ့စစ်ပွဲ ဗိုလ်ချုပ်ကြီး) လို့ခေါ်ကြတဲ့ ရုရှား ဗိုလ်ချုပ်ကြီး ဆာဂေး ဆူရိုဗီကင် ကိုဖမ်းဆီးလိုက်တယ်လို့သိရပါ တယ်။ ဝဂ္ဂနာ တပ်ဖွဲ့ရဲ့ အနာဂါတ် ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။                                                                                                                              


ကိုးကား- Gravitas: Who is Wagner boss Yevgeny Prigozhin? Why did he turn against Russia? | 

- Wikipedia 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးကို တရုတ်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ရန်ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved