ရုရှားနိုင်ငံအနေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ကြောင်း သမ္မတ ပူတင် ထုတ်ဖော်ဝန်ခံ
ဂျန်ဇက် (NSS) - ဇွန် ၂၈
ရုရှားနိုင်ငံအနေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားမယ့်အခြေအနေမျိုးကို ရှောင်ရှားနိုင်ခဲ့ကြောင်း၊ ရုရှားစစ်တပ် နဲ့ ဥပဒေစိုမိုးရေးအေဂျင်စီများဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားလာမယ့်အခြေအနေတွေကို တားဆီးနိုင်ခဲ့ကြောင်း ရုရှားသမ္မတပူတင်ကပြောပါတယ်။
ရုရှား ကြေးစားတပ်ဖွဲ့ Wagner Group ဟာ ရုရှားစစ်တပ်နဲ့အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လက်နက်ကိုင် ပုန်ကန်မှုများစတင်ခဲ့ကာ မြို့တွေကို သိမ်းယူကာ မြို့တော်မော်စကိုအထိချီတက်ခဲ့ကြောင်းသိရပါတယ်။ သို့ပေမယ့် ဘီလာရုစ့် သမ္မတ လူကာရှန်ကိုရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဟင်ဟာ လက်နက်ကိုင်ပုန်ကန်မှုကိုအဆုံးသတ်ခဲ့ကြောင်းသိရပါတယ်။
ရုရှားသမ္မတပူတင်က "ကျွန်တော်တို့ဟာ ပြည်တွင်းစစ်ဖြစ်ပွားမယ့်အန္တရာယ်ကိုရပ်တန့်နိုင်ခဲ့တယ်။စည်းလုံးညီညွတ်စွာနဲ့ တိကျစွာလုပ်ဆောင်နိုင်ခဲ့တယ်" လို့ပြောပါတယ်။
၎င်းက ရုရှားနိုင်ငံရဲ့လုံခြုံရေးအပေါ် မှီခိုနေရတဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုဟာ အရေးကြီးပြီး ကာကွယ်ရေး နဲ့ အစိုးရစနစ်များကို ဆက်လက်လည်ပတ်စေခဲ့ကြောင်း၊ ယူကရိန်းထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ပြန်ဆုတ်ခွာတဲ့ ရုရှားတပ်ဖွဲ့ဝင်များ မရှိကြောင်းပြောပါတယ်။ ကြေးစားတပ်ဖွဲ့ရဲ့ လက်နက်ကိုင်ပုန်ကန်မှုအတွင်းကျဆုံးသွားခဲ့တဲ့ တိုက်လေယာဉ်မှူးများ နဲ့ စစ်သားများကို ဂုဏ်ပြုပေးသွားမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံမှာ သွေးထွက်သံယိုမှုများ မဖြစ်ပွားလိုတဲ့အတွက် လက်နက်ကိုင်ပုန်ကန်မှုတွေကို အဆုံးသတ်ခဲ့တယ်လို့ ပြောဆိုထားတဲ့ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဟင်က ၎င်းရဲ့ရည်ရွယ်ချက်က အာဏာသိမ်းဖို့မဟုတ်ဘဲ ရုရှားစစ်ဗိုလ်ချုပ်တွေကို ဖြုတ်ချဖို့ ဖြစ်ကြောင်းပြောပါတယ်။ ရုရှားစစ်တပ်ဟာ ကြေးစားတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှားစစ်တပ်မှာ ပုံမှန်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ထားကြောင်းသိရပါတယ်။
ဒါပေမယ့် ကြေးစားတပ်ဖွဲ့ဝင်များဟာ ပရီဂိုဟင်နဲ့အတူ ဘီလာရုစ့်နိုင်ငံကို လိုက်သွားရမယ်လို့ ရုရှားအစိုးရတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာတဲ၌ အလုပ်လုပ်နေသော အမျိုးသား(၁)ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်မှု တောင်သာမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ