ယာခင်း၌ တောင်ယာလုပ်ကိုင်နေသည့် အမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်မှု တောင်သာမြို့နယ်၌ ဖြစ်ပွား
NSS - ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ယာခင်းထဲတွင် တောင်ယာလုပ်ငန်းများ လုပ်ကိုင်နေသည့် အမျိုးသား(၂)ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ် ထွက်ပြေးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော (ဇွန်လ ၂၄ ရက်)၊ မွန်းလွဲ ၁၂ နာရီအချိန်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာနှင့် သက်ကယ်ကျင်းကျေးရွာအနီး ကျေးရွာချင်းဆက်လမ်းဘေး ယာခင်းအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရတနာပုံကျေးရွာနေ သေဆုံးသူ အမျိုးသား(၂)ဦးသည် ယာခင်းအတွင်း တောင်ယာလုပ်ငန်းများ လုပ်ကိုင်နေစဉ် PDF အဖွဲ့ အင်အား(၆)ဦးခန့် ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် အဆိုပါကျေးရွာနေ ဦးတင်းအေး(၆၅)နှစ် နှင့် ၎င်း၏တူဖြစ်သူ ဦးဇော်မြင့်(၄၇)နှစ်တို့တွင် ကျဉ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
1 comments
1 year ago - 1:47 am - Jun 28, 2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့အရေးနှင့် နိုင်ငံတကာမှ (၂၄) နာရီအတွင်း ထူးခြားသတင်းများအား တင်ဆက်ခြင်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ