ကောလင်းမြို့ရှိ လုံခြုံရေးအဖွဲ့ကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ အဝင် (၉)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - ဇွန် ၂၆
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက်၊ နံနက် ၆ နာရီ အချိန်ခန့်တွင် ကောလင်းမြိုနယ်၊ ကောလင်းဈေး အရှေ့ဈေးအနီးရှိ ကမ္ဘောဇဘဏ်-၂ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဇဘဏ် - ၂ အနီးတွင် လုံခြုံရေးတပ်သားများ ကင်းချိန်းပြီးအပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Secret Warrior Kawlin အဖွဲ့မှ ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
"KBZ Bank ထောင့်နားမှာဖြစ်တာပေါ့နော်၊ ကျွန်တော်တို့ကြားတာတော့ (၉)ဦး ဒဏ်ရာရတယ်။ လုံခြုံ ရေးတစ်ဦးနဲ့ အရပ်သား (၈)ဦး ဒဏ်ရာရတယ်။ အမျိုးသမီးတွေ ထိတာများတယ်၊ ဒဏ်ရာကတော့ မိုင်းထိမှန် ဒဏ်ရာတွေပဲ"ဟု ဒေသခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
ဖြစ်စဉ်ကြောင့် လုံခြုံရေးအဖွဲ့ဝင် (၁)ဦး ၊အရပ်သား အမျိုးသား (၁)ဦးနှင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီး (၇)ဦးထပ်မနည်း မိုင်းစထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ထို့ပြင် ယမန်နေ့ (ဇွန်လ ၂၅ ရက်)တွင် စစ်ကိုင်းတိုင်းအတွင်းရှိ PDF စခန်းတစ်ခုကို လုံခြုံရေးအဖွဲ့ စီးနင်းတိုက်ခိုက်ခဲ့ရာ PDF (၁၂)ဦးထပ်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုံးဆီလက်ကားဈေးသတ်မှတ်ချက် တစ်ပိသာ ကျပ်(၄ဝဝဝ)ကျော်သို့ ရောက်ရှိလာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ